အပိုင်း ( ၂၃ )

6.2K 198 0
                                    

Unicode font

ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၂၃)

ထိပ်ထားဦး ပင်ပန်းနွမ်းနယ်စွာ အိပ်မောကျနေတဲ့အမေကို ကြည့်ရင်း တွေးနေမိသည်။ အခုအချိန်ဆို အဖိုးအဖွားတို့ပါ အံ့သြထိတ်လန့်ပြီး အမေ့ကို စိတ်ဆိုးနေလောက်ရောပေါ့။
အမေရဲ့လုပ်ရပ်က ဘယ်လိုမှ ခွင့်လွှတ်ချင်စရာ မကောင်းတာလဲ သိပေမယ့် အမေ့ဘဝမှာ ဦးကလွဲရင် ဘယ်သူမှ မရှိတာလဲ အသိဆုံးမို့ အမေ့ကို မစွန့်ပစ်ရက်ပါ။ ပြီးတော့ အမေ့ခံစားချက်ကို အသိဆုံး အမေရဲ့ တစ်ဦးတည်းသော ရင်ဖွင့်ရာဟာ သူမ တစ်ယောက်ပဲမလား။

သူမ သိတတ်စအရွယ်ထဲက အမေဟာ အိပ်ဆေးမသောက်ရင် အိပ်မပျော်တတ်သူ အိပ်ဆေးစွဲနေခဲ့သူဆိုတာ သိခဲ့ပါသည်။ အဖေ အိမ်ပြန်မလာတဲ့ညတွေမှာဆို ဦး အိပ်ပျော်နေပြီထင်ကာ တိတ်တိတ်လေး ငိုနေတတ်ခဲ့သည်။ တခါတလေ အရက်မူးချိန်ဆို မေနှင်းဦးနဲ့မတွေ့ခဲ့ရင် အကောင်းသား အဲ့ဒီအချိန်တွေ ပြန်ရောက်ချင်တယ်ဆိုပြီး ငိုယိုကာ ရင်ဖွင့်တတ်ခဲ့သည်။
တကယ်တော့ အမေဟာ သနားစရာကောင်းလွန်းပါသည်။ ကိုယ့်အပေါ် ချစ်ခင်နှစ်သက်ခြင်းမရှိတဲ့အပြင် သနားကြင်နာခြင်းပါ ကင်းမဲ့နေတဲ့အဖေ့ရဲ့အချစ်ကို မျှော်လင့်ရင်း အားတင်းနေထိုင်ခဲ့ပေမယ့် အဖေဟာ အမေ့ကို လုံးဝမချစ်ခဲ့ပါ။

ခေါင်ရဲ့အမေအပေါ် မနာလိုအားကျစိတ်တွေက သူမစိတ်နှလုံးကို သတ်နေခဲ့သလိုပင်။ ပိုင်ဆိုင်ချင်လေ ပိုင်ခွင့်မရှိလေနဲ့။ ဒေါ်မေနှင်းဦး ဆုံးသွားပြီးနောက်ပိုင်း အဖေဟာ အမေ့အပေါ် တကယ်ကို အညှိုးကြီးစွာ ရက်စက်ခဲ့ပါသည်။ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း လုံးဝမရှိပဲ သူ့စိတ်တိုင်းကျ နေထိုင်ခြင်း အမေ ဖြစ်စေချင်တာတွေနဲ့ ဆန့်ကျင်ဘက် လုပ်ပေးခြင်း စသဖြင့် ပညာရှိနှိပ်စက်နည်းတွေနဲ့ နှိပ်စက်ခဲ့တာ ဦး အသိဆုံးပါ။

အမေဟာ လူရှေ့ရောက်ရင် မာန်တင်းပြီး အပြုံးမပျက် နေတတ်ပေမယ့် အခန်းထဲမှာတော့ အလဲလဲအပြိုပြို မိန်းမသား တစ်ယောက်ပါ။ နှစ်ပေါင်းများစွာ စိတ်အလိုမကျမှုတွေနဲ့နေခဲ့ရပြီး အသက်လေး ရလာတော့ အမေလဲ အဖေနဲ့စကားများရတာကို မောသွားပြီး နေသားလဲ ကျသွားခဲ့ပုံပင်။

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]Where stories live. Discover now