အပိုင်း ( ၁၅ )

6.2K 215 2
                                    

Unicode font

ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၁၅)

"အိမ်မှူး အလကားနေရင်း ငိုတာ ကိုယ်မကြိုက်ဘူးလို့ ပြောထားတယ်နော် မငိုနဲ့ မင်းသိချင်တာတွေ အားလုံး ပြောပြမယ်"

ခေါင် သူမရဲ့မျက်ရည်တွေကို သုတ်ပေးရင်း လေသံခပ်မာမာနဲ့ ပြောလိုက်သည်။ တခြားယောကျာ်းအတွက် မျက်ရည်ကျနေတာကို ဘယ်ယောကျာ်းက သီးခံပြီး ကြည့်နေနိုင်မှာလဲလေ။ သူလိုလူက ပိုဆိုးပေါ့။ ဒီကောင်မလေးကို ချစ်မိလို့သာ စိတ်ရှည်သီးခံနေခဲ့တာပါ။

"မင်းရဲ့ကိုကိုဘုန်းသန့်နဲ့ ဘယ်တုန်းက သိတာလဲဆိုတော့ မင်း မမွေးခင်ကတည်းက သိခဲ့တာ"
"ဟင်..."

သူ ငေါက်လိုက်လို့ ငြိမ်နေရာမှ အူကြောင်ကြောင် မော့ကြည့်လာတဲ့ အိမ်မှူးကို ခေါင် ပြုံးပြလိုက်ပြီး စားပွဲပေါ်က ဖုန်းကို လှမ်းယူလိုက်ကာ ဖုန်းထဲက ပုံတစ်ပုံကို အိမ်မှူးကို ပြလိုက်သည်။

"ဒီပုံကို မှတ်မိလား"
"ဒါ... ဒီပုံက ဦးခေါင်ထွဋ်ဆီ ဘယ်လိုရောက်နေတာလဲ"
"ကိုယ့်ကို မြန်မာပြည်ကို အမြန်ဆုံး ပြန်လာချင်အောင် ဆွဲဆောင်နိုင်ခဲ့တာက ဒီပုံလေးပဲ"

ခေါင် ဖုန်းထဲကပုံလေးကို မြတ်နိုးစွာကြည့်ရင်း ပြောလိုက်သည်။ chrysanthemum ပန်းစည်းလေးမေးဖျားအောက်မှာကိုင်ထားပြီး နှာခေါင်းရှုံ့ကာ ခေါင်းမော့ရယ်နေတဲ့ မိန်းကလေးပုံကို ဘယ်နခါကြည့်ကြည့် မရိုးနိုင်ခဲ့ပါ။ သူ့ဆီ email နဲ့ဓါတ်ပုံပို့ရန် attach တွဲချိန်မှာ မှားပြီး ပါလာခဲ့တဲ့ ဒီပုံလေးကို တွေ့တွေ့ချင်းမှာပဲ ချစ်ခဲ့မိတာပါ။

"မင်းရဲ့ဘေးနားက ဘုန်းသန့်ပုံကိုတော့ crop လုပ်ပစ်လိုက်တယ် မင်းမကျေနပ်လဲ ကိုယ်မတတ်နိုင်ဘူး"
"အဲ့ဒါ အိမ်မှူး ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့တုန်းက ရိုက်ထားတာ ပန်းစည်းကလဲ ကိုကိုမွေးနေ့လက်ဆောင် ပေးထား... "

အခုမှ သတိထားမိသည်။ ဒါကြောင့်ပဲ ဟိုတခါက သူ chrysanthemum ပန်းစည်း လက်ဆောင်ပေးခဲ့တာကိုး။

"ဦးခေါင်ထွဋ် အိမ်မှူးကို ဘယ်တုန်းက သိတာလဲဟင် ပြီးတော့ ကိုကို့ကိုရော..."

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]Where stories live. Discover now