အပိုင်း ( ၁၇ )

6.4K 211 0
                                    

Unicode font

ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၁၇)

"အိမ်ကလေး"
"ဟင် ဦးခေါင်ထွဋ် ဘာလို့ပြန်လာတာလဲ နေမကောင်းလို့လား"

ဧည့်ခန်းထဲ အလှစိုက်ထားတဲ့ indoor plant တွေကို ရေဗူးလေးနဲ့ ရေဖြန်းနေတဲ့ အိမ်မှူး အချိန်အခါမဟုတ်ပဲ ပြန်ရောက်လာလို့ မေးလိုက်မိသည်။ အခုမှ နေ့လယ်ဆယ့်နှစ်နာရီပဲ ရှိသေးတာလေ။ အရင်ကဆို ညနေရုံးဆင်းချိန်တောင် နောက်ကျတတ်တဲ့ အလုပ်သရဲက စောစောပြန်လာလို့ အံ့သြသွားမိသည်။

"ဟုတ်တယ် ခေါင်းတွေတအားကိုက်ပြီး အလုပ်ထဲ အာရုံစိုက်လို့ မရဘူး ဒီနေ့ဘယ်လိုဖြစ်နေလဲ မသိဘူး ဘာမှမလုပ်ရပဲနဲ့ ပင်ပန်းနေတာ"
"ဟုတ်လား ခေါင်းတအားကိုက်နေလား ဆရာဝန် ခေါ်လိုက်မယ်လေ"
"ခေါ်စရာမလိုပါဘူး မင်းကိုတွေ့လိုက်တာနဲ့ သက်သာသွားပြီ"

အိမ်မှူး သူမအနား လာကပ်နေတဲ့ ခေါင်ကို မျက်စောင်းထိုးလိုက်ပြီး

"ကျန်းမာရေးက နှောက်စရာမဟုတ်ဘူးနော် ဦးခေါင်ထွဋ်"
"စိတ်ပူတယ်ပေါ့"
"ပူတာပေါ့ နေ့လယ်စာမစားရသေးဘူးမလား စားပြီးတာနဲ့ ဆေးသောက်ရမယ်နော်"
"အိမ်ပြန်ရောက်တော့ တကယ်ကို ကောင်းသွားသလိုပဲ"
"မရဘူး ဆေးကတော့ သောက်ကိုသောက်ရမယ် ဒါပဲ သြော် ဒါနဲ့ ထမင်းစားပြီးရင် အဖွားဆီသွားမလို့ ရှင်နေမကောင်းတော့ လိုက်လို့ ဖြစ်ပါ့မလား"
"အဲ့လောက်လဲ မဟုတ်သေးပါဘူး လိုက်လို့ရပါတယ် အဖွားဆီသွားမှာ ကိုယ့်ကိုလဲ မပြောပါလား"
"ခုနတုန်းကမှ စိတ်ကူးမိလို့ပါ ရှင်နေမကောင်းဘူးဆို မသွားတော့ဘူးလေ အဖွားကိုလဲ လာမယ်လို့ မပြောထားဘူးဆိုတော့ မနက်ဖြန်မှ သွားလို့ရပါတယ်"
"အင်း ဘယ်အချိန် ဘယ်ကိုသွားသွား ကိုယ့်ကိုပြောပြီးမှသွား အိမ်မှာ မရှိလဲ ဖုန်းဆက်ခဲ့နော် မသွားနဲ့လို့ မတားဘူး ဒါပေမယ့် ကိုယ်သိအောင် ပြောသွားရမယ် ကြားလား"
"အင်းပါ ထမင်းစားကြစို့နော် ပြီးရင် ဆေးသောက် ရှင်နဲ့ သင့်တော်မယ့် Supplement တစ်ခုခုရှာဦးမှပါ"
"အာ ဘာ Supplement လဲ မသောက်ချင်ပါဘူး"
"သောက်ရမှာပေါ့ လိုအပ်တယ်လေ အလုပ်ပင်ပန်းတာကို"
"မသောက်ချင်ပါဘူးဆို"
"သောက်ရမယ် လာမပြောနဲ့ နေ့တိုင်းတိုက်မှာ အိမ်မှူးလဲ သောက်မယ် ဘာတွေသောက်သင့်လဲဆိုတာ လေ့လာလိုက်ဦးမယ် လာ ထမင်းစားမယ်"

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]Where stories live. Discover now