CHAPTER 74 - The ugly wife also sees her in-laws

22.4K 1.5K 227
                                    

Unicode

ဒါကလက်ထပ်ခွင့်တောင်းနေတယ်ဆိုတာကို စုန့်ရီဒီတစ်ကြိမ်မှာတော့ အတော်လေးသေချာ​တယ်။

ရိုးရိုးသားသားပြောရမယ်ဆို ခုနလေးတုန်းကခံစားချက်​တွေကပျောက်ကွယ်သွားပီဖြစ်တယ်။ ဒီအဖြစ်အပျက်ကအသေအချာကြီးကိုအံ့အားသင့်စရာကိစ္စကြီးဖြစ်တယ်။ ကုရှင်ချွမ်းကသူ့ကိုလက်ထပ်ခွင့်တောင်းတယ်!

လက်ထပ်ဖို့ကို သူဘယ်တုန်းကမှမတွေးခဲ့တာတော့မဟုတ်ဘူး။ ဒီလိုဗိုက်ကြီးနဲ့ဆို ကိုယ့်ဘာသာကိုမဖြေရှင်းနိုင်ခင် အချိန်တစ်ခုတော့လိုအပ်နေသေးတယ်။

ဒါပေမဲ့ဒီကိစ္စကသူ့မျက်စိရှေ့ရောက်လာတဲ့အခါမှတော့ သူလုံးဝကိုအံ့ဩရတယ်။ ဝါဂွမ်းတိမ်တိုက်ပေါ်မှာလဲလျောင်းနေရတဲ့အိပ်မက်လိုမျိုး ရင်တလှပ်လှပ်ခုန်နေတယ်။ တစ်ယောက်နဲ့တစ်ယောက်ရန်သူတွေလိုမျက်မုန်းကျိုးခဲ့တဲ့သူတို့နှစ်ယောက်။ သူ့ကိုဆိုအမြဲပြဿနာရှာတတ်တဲ့တစ်ယောက်ကသူနဲ့အတူလက်ထပ်မင်္ဂလာပွဲဆီကိုလျှောက်လမ်းချင်နေတယ်တဲ့။

"မင်းငါ့ကိုတကယ်လက်ထပ်ချင်တာလား?" စုန့်ရီအသံကတုန်ယင်နေတယ်။ သူကတစက်စက်တုန်နေတဲ့လက်ချောင်းတွေကိုတင်းတင်းဆုပ်ထားတယ်။

ကုရှင်ချွမ်းကအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပီး စုန့်ရီပါးကိုဖျစ်လိုက်တယ် "ငါ့ကမင်းကိုလက်မထပ်လို့ တခြားဘယ်သူ့ကိုလက်ထပ်ရမှာလဲ?"

စုန့်ရီစိတ်ပြေလျော့သွားတယ်။ သူကမျက်နှာကိုဖွဖွလေးပွတ်လိုက်တယ်။ ဒါကဘဝအတွက်အရေးကြီးတဲ့အခိုက်အတန့်ဖြစ်တာမို့ စိတ်ကိုအေးအေးထားရမယ် "လက်ထပ်ခွင့်တောင်းတဲ့ခံစားချက်မျိုးရအောင် နည်းနည်းတော့ဟိတ်ဟန်လေးလုပ်အုံးမှပေါ့ ငါတို့ပြန်တွေတဲ့အချိန်တုန်းက မင်းကရှန်းလီအတွက် ဖယောင်းတိုင်တွေ နှင်းဆီပန်းတွေနဲ့ပြင်ဆင်ပေးထားတာ မင်းကငါ့ကျအရမ်းကြီးလဲအရေးမထားဘူး"

"မင်းသဝန်တိုနေတာလား?" ကုရှင်ချွမ်းကသူ့ရဲ့တုန်နေတဲ့လက်လေးတွေကိုကိုင်ပီး သူ့မျက်နှာကိုသေချာစစ်ဆေးကြည့်နေတယ်။

စုန့်ရီကခေါင်းယမ်းလိုက်ပီးမှ ဖွဖွလေးခေါင်းပြန်ညိမ့်ပြတယ် "ပုစိလေးပဲ"

You've reached the end of published parts.

⏰ Last updated: Oct 12, 2021 ⏰

Add this story to your Library to get notified about new parts!

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now