Part -1

49 4 6
                                    

#Unicode

ကျွန်တော် ငှက်လေးတစ်ကောင်ကိုတွေ့ခဲ့ဖူးတယ်...

အဲ့ငှက်လေးက အရမ်းအကြွားသန်သလို ဆရာကြီးလည်း လုပ်တတ်တယ်။
ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ သိပ်မအေးတဲ့ ခရစ်စမတ်မှာ ကျွန်တော် ငှက်လေးကို တွေ့ခဲ့တယ်။
ကျွန်တော်က သူ့ကို နာမည်ပေးထားတယ်
"မောက်မာလိုက်တဲ့ ကောင်ဆိုးလေး" လို့လေ။

သူက ကျွန်တော် မဖိတ်ခေါ် ဘဲရောက်လာပြီး ဘေးနားမှာ တဂျီဂျီ အော်နေတတ်သလို တစ်ခါတလေကျတော့လည်း တိတ်ဆိတ်နေပြန်တယ်။

သူက သူ့ကိုယ်ပေါ်က အဝါရောင် ငှက်မွှေးလေးတွေ ဘယ်လောက်လှကြောင်း အမြင်ကပ်လောက်အောင် ကြွားတတ်သလို ကျွန်တော် မသိတဲ့ သူ့ကျွမ်းကျင်ရာတွေကိုလည်း ကျွန်တော် အံ့ဩလောက်အောင် ဆရာကြီးလုပ်ပြီး ဂုဏ်ယူစွာ ပြောတတ်တဲ့ တကယ့် ငကြွားလေးပါ။
ကျွန်တော်ကတော့ အမြင်ကပ်ပါတယ်။
ကြွားဝါတတ်တဲ့ သူတွေကို အထင်မကြီးဘူး လို့ ပြောပြီး သူ့စကားတွေ မပျင်းမရိ နားထောင်ပြီး မျက်စောင်းလှလှတွေ သူမသိအောင် ပေးပစ်ခဲ့တာပေါ့။

သူက တစ်ခါတရံကျတော့ ကြောင်လေးတစ်ကောင်လိုလည်း တအီအီနဲ့ ညည်းညူနေတတ်သေးတယ်။ ကျွန်တော်က အဲ့အချိန်ဆို ကြောင်လေး ပျော်အောင် ရွှေဝါရောင် အမွှေးလေးတွေ ဖွဖွလေး ပွတ်သပ်လို့ ပုံပြင်တွေ ဟာသတွေ ပြောပေးတတ်တဲ့ ကြောင်လေးရဲ့ ပိုင်ရှင်နဲ့တောင်တူနေခဲ့ပါသေးတယ်။
(အမှန်တော့ ကျွန်တော်က ကြောင်လေးတွေမမွေးဖူးသလို သူတို့အမူအကျင့်တွေလည်း လုံးဝ မသိပါဘူး။)

ငှက်လေးက မျက်စိလည် လမ်းမှားရောက်လာခဲ့တာလား၊အပျင်းပြေ လမ်းကြုံရောက်လာခဲ့တာလားဆိုတာ မသိပေမယ့် ပြန်ထွက်သွားမယ့် သူ
တစ်ယောက်ဆိုတာ ကျွန်တော် သေချာသိနေခဲ့ပြီးသားပါ။

တစ်ရက်တော့ သူပြောပြလာခဲ့တယ် ။ ဘေးအိမ်က မမလှလှလေးရဲ့ ကြင်နာယုယ ခံရမယ့် ငှက်လေး ဖြစ်ချင်ကြောင်းပေါ့။
ကျွန်တော် အဲ့အကြောင်းကြားတော့ ပြုံးပြီး သူ့ကို အားပေးလိုက်တယ် ဖြစ်ချင်ရင် ကြိုးစားပေါ့ လို့။
သူက တကယ် အားကျိုးမာန်တက် ကြိုးစားနေတာ မြင်ရတော့ ကျွန်တော် သူ့ကို ငေးကြည့်နေရင်း ပြုံးနေခဲ့တယ်။

ငှက်ကလေးWhere stories live. Discover now