Part-3

20 1 2
                                    

#Unicode

ပုံမှန် တိတ်ဆိတ်နေကြ ကျွန်တော့်နေ့ရက်တွေမှာ ပုံမှန်အတိုင်း လည်ပတ်ရွေ့လျားကုန်ဆုံးနေခဲ့ပေမယ့် မသိစိတ်ရဲ့အလွှာဖုံးလို့ ရင်ထဲက ထောင့်စွန်းလေးမှာ သေးငယ်တဲ့ လစ်ဟာမှုလေးနဲ့ တမ်းတမျှော်လင့်နေမှုလေးက တစ်နေ့ပြီးတစ်နေ့ မသိသာစွာ ဖြစ်တည်နေခဲ့ပါတယ်။

ခြေရာဖျောက်လို့ ပျောက်သွားတဲ့ ငှက်ငယ်လေးကို ကျွန်တော် သတိမရဘူးပြောရင် မုသာဝါဒ ကျူးလွန်ခြင်းပဲ ဖြစ်မှာပါ။
ဘေးကနေ တဂျီဂျီ အော်တတ်တဲ့ ငှက်ပေါက်လေးလို ကောင်ဆိုးလေး၊ ကြောင်ဝါလေးလိုတအီအီနဲ့ ကပ်ချွဲညည်းညူချင်တဲ့ အဆိုးလေး။

ရိုးစင်းလွန်းတဲ့ ပုံသေချမှတ်ထားတဲ့ အတိုင်း ရှင်သန်နေထိုင်တဲ့ ကျွန်တော်ဟာ အဲ့ဒီ ငှက်ဆိုးလေးကိုတော့ လွပ်လပ်စွာ (ဘယ်ချိန်ကမှန်းမသိလိုက်ဘဲ) စည်းတွေ အလွှာတွေ ဖျောက်ဖျက် ဖယ်ချ ပေးခဲ့မိပေါ့။
ကပ်တွယ်ငြိချင်တဲ့ အထီးကျန်စိတ်ဝိဉာဉ်အစွန်းတွေဟာ ထွက်ခွါသွားတဲ့ ငှက်ကလေးမှာ ကပ်ငြိတွဲခိုသွားခဲ့တယ် ထင်ပါတယ်။

ရာသီတွေပြောင်းလို့ လတွေကုန်ဆုံးခဲ့တဲ့ တစ်ခုသော နွေဉီးမှာ ကျွန်တော် မချင့်မရဲ သတ္တိတွေမွေးလို့ ငှက်လေးဆီ စာလွှာတစ်ဆောင် ပါးခဲ့တယ်.......

"ငှက်လေးရေ....
အဆင်ပြေနေရဲ့လား။
နေကောင်းတယ်မလား။
ကျန်းမာရေးဂရုစိုက်နော်...."
အစချီတဲ့ အာလာပဿလာပ အမည်ခံ ရင်ထဲက မေတ္တာတွေအရင်းခံလို့ စိတ်ရင်းနဲ့ စိုးရိမ်ပူပန်မှုတွေ။

ပြန်စာလေးတွေ အပြန်လှန် ချိတ်ဆက်လို့ နေပေမယ့် ရှောင်ပုန်းနေချင်တဲ့ ငှက်ကလေးက ကျွန်တော့်ကို မလိုအပ်တော့မှန်း နုံအလှတဲ့ ကျွန်တော်က အလိုက်မသိစွာ ဝေဒနာတွေ ပေးနေခဲ့မိတယ်။

သူ့ရဲ့ အေးစက်စက် စကားတွေ၊
မကြားရတော့တဲ့ ရယ်မြူးရိပ်လွှမ်းသံတွေ မရှိတော့တဲ့အခါ
ကျွန်တော် ကိုယ်တိုင်လည်း ပင်ပန်းလာရတယ်။
"ငါ့အမှားတွေပါ ငါ သူ့ကို တိုက်တွန်းခဲ့လို့ သူ ဒီလိုခံစားနေရတာ"
လို့ ကိုယ့်ရဲ့ မသိစိတ်ရဲ့ ခြောက်လှန့်မှုတွေမှာ
လှန့်နိုးခံခဲ့ရတဲ့ ညနက်တွေ။

ငှက်ကလေးWhere stories live. Discover now