Part 5

14 1 0
                                    

ငှက်ဝါလေးသို့....

ကျွန်တော့်ရဲ့ တစ်ခါက ငှက်ဝါလေးရေ မင်းလိုချင်ရဲ့ ပျော်ရွှင်နွေးထွေးတဲ့ မေတ္တာမျိုးပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပြုလိုက်ပါတယ်။ ခဏတာ လာရောက် အဖော်ပြုပေးခဲ့လို့ ကျေးဇူးတင်ကြောင်း စကားမပါးနိုင်ပေငြား နောင်တရတယ်လို့တော့ မဆိုပါဘူး။ မတွေ့ဆုံချင်ခဲ့ကြောင်းကိုတော့ ရိုးသားစွာ ဝန်ခံပါရစေ။ ကျွန်တော် ပြန်မရှာဖွေတော့ပါဘူး။ကျွန်တော်သိခဲ့သော ငှက်ဝါလေးကို သာ တစ်ဘဝလုံးစာအတွက် မှတ်ဉာဏ်အတွင်းမှာ သိမ်းဆည်းထားလိုက်ပါတော့မယ်။
ဒီစာကို ဖတ်မိလို့ မင်းအနှောက်ယှက်ဖြစ်သွားရရင် ကျွန်တော် စိတ်မကောင်းပါဘူးကွယ်။
တစ်ခါက ကျွန်တော့်ငှက်ဝါလေးဖြစ်ခဲ့တဲ့ မင်းကို လိပ်မူမိတာလည်း ဝမ်းနည်းပါတယ်(သူက မင်းမဟုတ်တော့တာ သိပေမယ့်လည်း)
ကျွန်တော့်အတွက် အဝါရောင်ဟာ နွေးထွေးလှတဲ့ ချစ်စရာကောင်းခြင်းတွေနဲ့အပြိုင် အမြင်ကပ်စရာလည်းကောင်းကြောင်းကိုတော့ အမြဲတမ်း
အမှတ်ရသွားတော့မှာပါ....။
တစ်ခါက.....

ကျွန်တော်သိရှိခဲ့ရသော သံယောဇဉ်နှောင်ငင်ခံရ ကာ မေတ္တာလွှမ်းခြုံပေးချင်ခဲ့ရပါသော အဝါရောင်ငှက်လေးဟာ အစစ်အမှန် ဖြစ်စေဖို့ ဆုတောင်းသံယဲ့ယဲ့မျှ မစွမ်းသာတဲ့အခါ နွေးထွေးလှတဲ့ အမှတ်တရတွေဟာ ပူလောင်ခါးပြင်းတဲ့ အဆိပ်တစ်ခွက်လိုပါပဲ။
တစ်ဖက်တည်းက သယ်ပိုးထားရတဲ့ အမှတ်တရတွေဟာ သူ့အတွက်တော့ ပျောက်ကွယ်သွားချင်တဲ့ အကျည်းတန် အတိတ်တို့နဲ့ နိဂုံးချုပ်ရပါသောလို့ ခေါင်းစဉ်တပ်ပစ်ခံခဲ့ရတယ်။
(အွန်း သူဟာ ကျွန်တော်နဲ့ ရှိခဲ့ဖူးတဲ့ နွေးထွေးတဲ့ အမှတ်တရတချို့ကိုတော့ ဖျောက်ဖျက်ပစ်လိုက်ပါပြီ)
တစ်ယောက်တည်းက သိမ်းဆည်းယုယချင်တဲ့ အမှတ်တရဆိုတာဟာလည်း ကွဲကြေသွားတဲ့ ကော်ဖီခွက်လေးနဲ့တူပါတယ်။
အဲ့လို စိတ်စိတ်မွှာမွှာနဲ့ ကွဲအက်သွားတဲ့ အပိုင်းစလေးဟာ ပစ္စုပ္ပန်ဆို ကျွန်တော့် မှတ်ဉာဏ်ထဲက ငှက်ဝါလေးကတော့ ဆောင်းလေအေးအေးကြားမှာ နွေးထွေးစေခဲ့တဲ့ ကော်ဖီလေး တစ်ခွက် ဖြစ်ခဲ့တယ်ဆိုတာ အမြဲတမ်း အမှတ်ရနေမှာပါ။

ငှက်ဝါလေးအပေါ် ကမ်းလို့ လွှမ်းချင်ခဲ့တဲ့ မေတ္တာခြုံထည်နွေးနွေးလေးကိုလည်း စွန့်လွှတ်လိုက်ပါတော့မယ်.....။

ကျွန်တော့်မှတ်ဉာဏ်တွေထဲမှာတော့ အနွေးထွေးဆုံး ရှင်သန်သွားမှာမို့ ဒီဇာတ်လမ်းလေးကို
"The End"လို့ စာတန်းမထိုးခဲ့တော့ပါဘူး....။

ငွက္ဝါေလးသို႔....

ကၽြန္ေတာ့္ရဲ့ တစ္ခါက ငွက္ဝါေလးေရ မင္းလိုခ်င္ရဲ့ ေပ်ာ္ရႊင္ေႏြးေထြးတဲ့ ေမတၱာမ်ိဳးပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းျပဳလိုက္ပါတယ္။ ခဏတာ လာေရာက္ အေဖာ္ျပဳေပးခဲ့လို႔ ေက်းဇူးတင္ေၾကာင္း စကားမပါးနိုင္ေပျငား ေနာင္တရတယ္လို႔ေတာ့ မဆိုပါဘူး။ မေတြ႕ဆုံခ်င္ခဲ့ေၾကာင္းကိုေတာ့ ရိုးသားစြာ ဝန္ခံပါရေစ။ ကၽြန္ေတာ္ ျပန္မရွာေဖြေတာ့ပါဘူး။ကၽြန္ေတာ္သိခဲ့ေသာ ငွက္ဝါေလးကို သာ တစ္ဘဝလုံးစာအတြက္ မွတ္ဉာဏ္အတြင္းမွာ သိမ္းဆည္းထားလိုက္ပါေတာ့မယ္။
ဒီစာကို ဖတ္မိလို႔ မင္းအေႏွာက္ယွက္ျဖစ္သြားရရင္ ကၽြန္ေတာ္ စိတ္မေကာင္းပါဘူးကြယ္။
တစ္ခါက ကၽြန္ေတာ့္ငွက္ဝါေလးျဖစ္ခဲ့တဲ့ မင္းကို လိပ္မူမိတာလည္း ဝမ္းနည္းပါတယ္(သူက မင္းမဟုတ္ေတာ့တာ သိေပမယ့္လည္း)
ကၽြန္ေတာ့္အတြက္ အဝါေရာင္ဟာ ေႏြးေထြးလွတဲ့ ခ်စ္စရာေကာင္းျခင္းေတြနဲ႔အၿပိဳင္ အျမင္ကပ္စရာလည္းေကာင္းေၾကာင္းကိုေတာ့ အျမဲတမ္း
အမွတ္ရသြားေတာ့မွာပါ....။
တစ္ခါက.....

ကၽြန္ေတာ္သိရွိခဲ့ရေသာ သံေယာဇဥ္ေႏွာင္ငင္ခံရ ကာ ေမတၱာလႊမ္းျခဳံေပးခ်င္ခဲ့ရပါေသာ အဝါေရာင္ငွက္ေလးဟာ အစစ္အမွန္ ျဖစ္ေစဖို႔ ဆုေတာင္းသံယဲ့ယဲ့မၽွ မစြမ္းသာတဲ့အခါ ေႏြးေထြးလွတဲ့ အမွတ္တရေတြဟာ ပူေလာင္ခါးျပင္းတဲ့ အဆိပ္တစ္ခြက္လိုပါပဲ။
တစ္ဖက္တည္းက သယ္ပိုးထားရတဲ့ အမွတ္တရေတြဟာ သူ႔အတြက္ေတာ့ ေပ်ာက္ကြယ္သြားခ်င္တဲ့ အက်ည္းတန္ အတိတ္တို႔နဲ႔ နိဂုံးခ်ဳပ္ရပါေသာလို႔ ေခါင္းစဥ္တပ္ပစ္ခံခဲ့ရတယ္။
(အြန္း သူဟာ ကၽြန္ေတာ္နဲ႔ ရွိခဲ့ဖူးတဲ့ ေႏြးေထြးတဲ့ အမွတ္တရတခ်ိဳ႕ကိုေတာ့ ေဖ်ာက္ဖ်က္ပစ္လိုက္ပါၿပီ)
တစ္ေယာက္တည္းက သိမ္းဆည္းယုယခ်င္တဲ့ အမွတ္တရဆိုတာဟာလည္း ကြဲေၾကသြားတဲ့ ေကာ္ဖီခြက္ေလးနဲ႔တူပါတယ္။
အဲ့လို စိတ္စိတ္မႊာမႊာနဲ႔ ကြဲအက္သြားတဲ့ အပိုင္းစေလးဟာ ပစၥဳပၸန္ဆို ကၽြန္ေတာ့္ မွတ္ဉာဏ္ထဲက ငွက္ဝါေလးကေတာ့ ေဆာင္းေလေအးေအးၾကားမွာ ေႏြးေထြးေစခဲ့တဲ့ ေကာ္ဖီေလး တစ္ခြက္ ျဖစ္ခဲ့တယ္ဆိုတာ အျမဲတမ္း အမွတ္ရေနမွာပါ။

ငွက္ဝါေလးအေပၚ ကမ္းလို႔ လႊမ္းခ်င္ခဲ့တဲ့ ေမတၱာျခဳံထည္ေႏြးေႏြးေလးကိုလည္း စြန္႔လႊတ္လိုက္ပါေတာ့မယ္.....။

You've reached the end of published parts.

⏰ Last updated: Mar 03, 2022 ⏰

Add this story to your Library to get notified about new parts!

ငှက်ကလေးWhere stories live. Discover now