Part-2

23 2 2
                                    

ငှက်ကလေးက သူမ အနား တဖြည်းဖြည်းနဲ့ ချဉ်းကပ်သွားနေခဲ့တယ် ။
သူ့ ဆန္ဒပြည့်ဝဖို့ လက်တစ်ကမ်း အလိုလို့ ကျွန်တော့် ဆဌမအာရုံက အသိပေးနေခဲ့တယ်။
ကျွန်တော် ဝမ်းသာခဲ့မိပါတယ်။
ငှက်ကလေး သူ ပျော်ရွှင်ရတော့မယ် မဟုတ်လား....

ရှုပ်ထွေးပြီး ကျယ်ပြောလှတဲ့ ကမ္ဘာကြီးမှာ
စိတ်ဝိဉာဉ်တွေဟာ နားလည်နိုင်ဖို့ အခက်ခဲဆုံးပါပဲ။
တိတ်ဆိတ်ငြိမ်သက်တဲ့ နေရက်တွေရဲ့ အလွန်မှာ မုန်တိုင်းဟာ လေပွေတွေနဲ့ အတူ ရောက်လာခဲ့ပါတော့တယ်။

ကျွန်တော့်ရဲ့ ပုံမှန်ဆန်လှတဲ့ နေ့ရက်တွေမှာ ငှက်လေးက တိတ်ဆိတ်နေခဲ့တယ်။ မျှော်မိလေ​သော သတိရစိတ်တို့မှာ သံယောဇဉ်တွေ ကြောက်တဲ့ကျွန်တော်က ငှက်ကလေးဆိုတဲ့ သံယောဇဉ် ကြိုးမျှင်ပါးလေးနဲ့ ချည်နှောင်ခံနေရပါရောလား လို့ သိရှိလာခဲ့တယ်။
ပြန်ထွက်သွားမှာ ကြိုသိခဲ့သလို အတိတ်ဆိုတာ မှေးမှိန်သွားတတ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်ခဲ့လည်း စိတ်ရဲ့ စွဲငြိအနှောင်အဖွဲ့တွေက ကြောက်စရာကောင်းလှပါပေတယ်။

တစ်ရက်တော့ ကျွန်တော် ငှက်လေးကို ပြန်တွေ့ခဲ့တယ်။ တလက်လက် တောက်ပနေတတ်တဲ့ မျက်ဝန်းအိမ်တွေက အခုတော့ နီရဲခြောက်သွေ့ လို့ မျက်ရည်စ တို့ မျက်ခမ်းမှာ ကပ်ငြိနေတာကို တွေ့မြင်ခဲ့ရတယ်။ ညှိုးငယ်ပြီး နာကျင်နေတဲ့ စိတ်ကို ကွယ်ဝှက်ထားကြောင်း အထင်းသား ပေါ်နေတဲ့ ငှက်လေးမျက်နှာ။ အက်ကွဲ ခြောက်​သွေ့နေတဲ့ သူ့အသံ ။
ကျွန်တော် မသိသလို ဉပေက္ခာပြုထားခဲ့မိပါတယ်။

သူမ ဆီမှာ ကျရှုံးခဲ့တဲ့ သူ့ဒဏ်ရာတွေ အတွက် ကျွန်တော် ဘယ်လို စကားလုံးမျိုးနဲ့ နှစ်သိမ့်ပေးရမလဲ မသိတော့ပါဘူး။ ကျွန်တော် မသိကျိုးနွံပြုထားပေမယ့် သူ့ရဲ့ နာကျင်နေတဲ့ မျက်နှာကို မြင်ယောင်လာတော့ သူ့ကိုနှစ်သိမ့်ဖို့ ကြိုးစားခဲ့ပါတော့တယ်။

ကျွန်တော် မှန်းထင်ထားခဲ့တာထက် အဆပေါင်းများစွာ အလဲလဲ အပြိုပြိုဖြစ်နေတဲ့ သူ့ပုံရိပ်က
ကျွန်တော့် နှစ်သိမ့်စကားလုံးတွေကို ဖွင့်ဟဖို့တောင် အားအင်မဲ့စေခဲ့တယ်။
သူ့ချစ်ခြင်းမေတ္တာဟာ သူမ အပေါ် ဘယ်လောက် လေးနက်ခဲ့ကြောင်း သက်သေထူနေတဲ့ သူခံစားနေရတဲ့ ဒဏ်ရာတွေဟာ ကျွန်တော့် အတွက်လည်း အဆိပ်တစ်ခွက် ဖြစ်မှန်းမသိဖြစ်ခဲ့ကြောင်း နောင်ကာလတစ်ခုမှာ သိခဲ့ရပါတော့တယ်။

ငှက်ကလေးWhere stories live. Discover now