Part-4

13 1 0
                                    

#Unicode
ငှက်ဝါလေးကို သူမဟုတ်သော သူ့ထံပါး ရှာဖွေခြင်း

ကျွန်တော်တို့ တစ်ဖန်တွေ့ဆုံခြင်းတွေမှာ အေးစက်ခြင်းတွေဟာ ကမ္ဘာ့ဝင်ရိုးစွန်းဒေသရပ်ဝန်းအလား။ သူက ကျွန်တော့်ကိုလျစ်လျူရှုမပစ်လိုက်ပေမယ့် အရင်လို တိုးဝင်ချွဲတတ်တဲ့ငှက်ဝါလေး မဟုတ်ပြန်။
ရစ်ငင်ခံထားရတဲ့ ကြိုးမျှင်တွေနဲ့
ကျွန်တော်ကတော့ အလိုက်မသိစွာ
(မသိချင်ယောင် ဆောင်ပြီး) ခေါင်းမာစွာ အရင်ကငှက်ဝါလေးကို ပြန်ခေါ်နေမိတယ်။ ငှက်ကလေးက ကျွန်တော့်ကို တွေ့မြင်နေရတာ စိတ်ရှုပ်နေမလား လို့ အတွေးတွေနဲ့ မဝံ့မရဲ စိုးထိတ်မှုတွေကို ပွေ့ပိုက်လို့ သူ ကိုယ့်ကိုလိုအပ်နေပါသေးတယ် လို့ တစ်ဖက်တည်း ချိနဲ့နဲ့ ကောက်ချက်တွေနဲ့ မေတ္တာအပိုလျှံတွေပေးနေခဲ့မိပေါ့။(သူမလိုအပ်မှန်း မသိခဲ့စွာ)
အေးစက်စက် ဆက်ဆံရေးမှာ တစ်ဖက်တည်းက ဘယ်လောက်ကြိုးစားပြီး အနွေးဓာတ်ပေးနေခဲ့လည်း အခြားတစ်ဖက်က လက်မခံချင်တဲ့အခါ ဘာမှမပြောင်းလဲသွားပါဘူး။

ကျွန်တော် သိပ်ကြိုက်ခဲ့တဲ့ သီချင်းစာသားလေးလို
"တောင်နံရံဆီ ထုတ်လွှင့်လိုက်တဲ့ အသံရဲ့ လိုင်းများပမာ လေဟာနယ်မှာ လွှင့်ပြယ်မသွားအောင် မင်းဖက်ကတုန့်ပြန်ပါ"တဲ့

ကျွန်တော့်မေတ္တာတွေဟာ တောင်နံရံမှာထုတ်လွှင်တဲ့အသံလှိုင်းတွေပမာ လေဟာနယ်မှာ လွင့်ပြယ်ခဲ့ပါပြီ....လွင့်ပြယ်သွားခဲ့ပါပြီ။

ချည်နှောင်တတ်ခြင်းတွေကို
ကြောက်ရွံ့မိတဲ့ကိုယ်ဟာ
ချည်နှောင်လာသော ကြိုးဝါလေးကို
ပြတ်တောက်မသွားဘူးဟု ယုံကြည်ခဲ့ချင်သေးတာ
ပြတ်ထွက်သွားခဲ့တဲ့ ကြိုးလေးအစွန်းတစ်စကို ဆုပ်ကိုင်လို့ ပြန်ဆက်ဖို့ ကြိုးစားချင်ခဲ့တဲ့အထိ
ချည်နှောင်ခြင်းတွေကို တွယ်ငြိခဲ့တယ်
ဒါဟာ
အဝါရောင်ကြိုးလေး ဖြစ်နေခဲ့လို့ပါပဲ.....

ကျွန်တော် ကြိုးစားလို့ တတ်နိုင်သမျှ ပေးထားခဲ့မေတ္တာတရားဟာ သူ့အပေါ်မှာသက်ရောက်မှုမရှိခဲ့တော့ပါဘူး။ အမှတ်တရတွေဆိုတာဟာ ကျွန်တော် တစ်ယောက်တည်းသာ ပိုင်ဆိုင်နေခဲ့ပြီး သူ့အတွက်တော့ အိမ်မက်ဆိုးတွေအပြင် မပိုခဲ့ပါတဲ့။
ပြီးဆုံးသွားခဲ့ပြီ။ ကျွန်တော် မေတ္တာတွေပေးလို့ ပြန်ရှာနေလည်း ကျွန်တော့်ငှက်ဝါလေးဟာ ဘယ်တော့မှ ပြန်မလာတော့ပါဘူး။

ငှက်ကလေးWhere stories live. Discover now