Chapter-6

2.1K 179 14
                                    

နောက်နေ့ရောက်တော့ Lisa တစ်ယောက် Jen company ရှေ့တွင် Jen အလာကိုစောင့်နေမိတယ် ဆေးလိပ်သောက်ရင်း Jen လာတာမြင်တော့ဆေးလိပ်ကိုအမြန်ခြေထောက်နဲ့နင်းခြေလိုက်တယ် Jen လည်း Lisa ကိုမြင်တော့ အနားကိုလာပြီး.....

" Li "

" မ လာပြီလား "

" ခုနကဆေးလိပ်သောက်နေတာလား "

" မ မြင်သွားတာလား "

" ဘာလို့သောက်နေတာလဲ မကောင်းဘူးဆိုတာမသိဘူးလား ပြီးတော့ဒီမှာဘာလုပ်နေတာလဲ "

" Nae သိပါတယ် မ ကိုစောင့်နေတာ "

" မ ကိုဘာလို့လဲ "အဲ့တော့မှ Lisa ကားထဲကပန်းစည်းလေးကိုလှမ်းယူပြီး....

" မ ကိုဒီပန်းစည်းလေးပေးချင်လို့ "

" daisy "

" Nae မ ကြိုက်တယ်မို့လား လက်ခံပေးပါနော် "

" အင်း လက်ခံပေးမယ် ဒါပေမယ့် ဆေးလိပ်မသောက်ရဘူး "

" အာ အဲ့တာက မ ရှေ့မှာမသောက်မိအောင် ကြိုးစားပါ့မယ် "

" ဟာ အဲ့လိုမရဘူးလေ "

" ရလိုက်ပါ မ ကလည်း " ဆိုပြီး Jen လက်ထဲကိုပန်းစည်းလေးထည့်ပြီးမျက်လုံးတစ်ဖက်မှိတ်ပြပြီးကားမောင်းထွက်သွားတယ်....

" လူဆိုးလေး အမြဲတမ်းမျက်လုံးပဲမှိတ်ပြနေတယ် "( နှစ်ခါပဲရှိသေးတယ်လေ ဒေါ်ချေပုရယ် ) Jen လည်းပန်းစည်းလေးကိုင်ပြီး company ထဲဝင်လာတယ် ရုံးခန်းထဲရောက်တော့ပန်းစည်းလေးသေချာထားပြီး....

" အတွင်းရေးမှူး ကော်ဖီတစ်ခွက်လောက်ဖျော်ခဲ့ပေးပါ "အတွင်းရေးမှူးလည်းကော်ဖီဖျော်ပြီးလာပို့တယ်....

" ခနနေ meeting အတွက်ပြင်ဆင်စရာရှိတာပြင်ဆင်ထားပါအတွင်းရေးမှူး "

" Nae CEO "

တစ်ဖက်တွင် jisoo တစ်ယောက်ဖုန်းကြီးကိုင်ပြီး.....
" ငါခေါ်လိုက်ရင်ကောင်းမလား မခေါ်ရင်ကောင်းမလား အားကောအားရဲ့လား
ဒါမယ့်ငါက Chae နဲ့ဖုန်းပြောချင်တယ်လေဘယ်လိုလုပ်ရမလဲ "ဖုန်းကြီးကိုင်ပြီးတစ်ယောက်ထဲဗျာများနေတယ်....

" မသိဘူးကွာ ခေါ်လိုက်မယ် "ဆိုပြီးခေါ်လိုက်တယ် ဖုန်းဝင်သွားတယ်....

Love Shot //Jenlisa //ChaesooWhere stories live. Discover now