Chapter-17

1.8K 160 13
                                    

" မဆိုးနဲ့ကွာ "

" ဟာ ဆိုးမှာဘဲ "
စားသောက်ဆိုင်တစ်ဆိုင်ရဲ့ VIP အခန်းထဲမှာချိန်းတွေ့နေတဲ့ park Chaeyoung နဲ့ Kim Jisoo။ Chae ကိုယ့်ဘာသာစားမယ်လို့ပြောနေတာကို Kim Jisoo ကမရ ဖက်ထုတ်ကိုအတင်းခွံ့ကျွေးနေတယ်။

" ကို နော်ကိုယ့်ဘာ့သာစားပါမယ်ဆို "

" ချစ်ကလည်းကိုယ်ကခွံ့ကျွေးချင်တာကိုးလို့ "

" ချစ်မှာလက်တေပါတယ်လေ "

" သိတယ်လေ တော်ကြာမတော်တဆလက်လေးထိခိုက်သွားမှဖြင့်ကိုယ်ကရင်ကျိုးရချည်ရဲ့ "

" ဟာ အရမ်း over လုပ်တာဘဲ "

" မလုပ်ပါဘူး ချစ်ကလည်း "

" ဟိ ဟုတ်ပါပြီရှင် "
Jisoo ကခုံပေါ်မေးလေးထောက်ပြီး Chae ကိုကြည့်နေတယ်။ ပြီးတော့ဆံပင်လေး‌တေကိုသပ်တင်ပေးလိုက်တယ်။

" ချစ်ဖို့ကောင်းလိုက်တာ "

" ကြည့်ပါအုံး ကိုယ်ချစ်လေးက ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲ "

" ကို လည်းချစ်စရာလေး အသဲပုံနှုတ်ခမ်းလေးနဲ့ ဟိ "
Jisoo က Chae ရှိတဲ့ဘက်ကိုသွားလိုက်တယ်။

" အဲ့အသဲပုံနှုတ်ခမ်းလေးကိုမနမ်းချင်ဘူးလား "

Chae လည်းမျက်စောင်းလေးထိုးပြီး။

" ဟွန့် မနမ်းချင်ပါဘူး "

" ဟာ မရပါဘူး "
ပြောပြီး Chae မျက်နှာလေးရှေ့ကိုတိုးသွားတယ် Chae လည်းမျက်လုံးလေးမှိတ်ပြီ စောင့်နေတဲ့အချိန်မှာဘဲ။

Everything I need is on the ground 🎶🎶🎶 ( သေချာပါတယ်အဲ့တာသာသနာဖျက် ) 😑
ဖုန်းလာတဲ့အသံကြားတော့ နှစ်ယောက်သားအလန့်တကြားနောက်ပြန်ဆုတ်သွားကြတယ်။

" အ အဟမ်း Chae ဖုန်းလာနေတယ်ကိုင်လိုက်အုံး "
Jisoo လည်းအအေးတေထိုင်သောက်နေတယ်။ Chae လည်းအယောင်ယောင်အမှားမှားနဲ့ဖုန်းကိုင်လိုက်တယ်။

" hello "

" hello မမ နင်ကလည်းဖုန်းကိုင်တာကြာလိုက်တာဟာ "

" yrr Lalisa "
Lisa ဆိုတဲ့အသံကြားတာနဲ့ jisoo မျက်မှောင်ကြီးကြုံ့ပြီး Chae ကိုလှည့်ကြည့်လာတယ် Chae လည်း jisoo ကိုကြည့်လိုက်တယ်။

Love Shot //Jenlisa //ChaesooWhere stories live. Discover now