Chapter-19

1.7K 149 9
                                    

Jen မှာ Lisa ကိုယ်ကြီးကိုအခန်းထဲထိတွဲခေါ်လာရသည်မှာမလွယ်ကူလှ။ အရပ်ကအရှည်ကြီးဆိုတော့။

" အမလေးသေတော့မှာပဲလေးလိုက်တာ ဟွန့် နံစော်နေတာဘဲဘာလို့အဲ့လောက်တောင်သောက်ထားရတာလဲ "
Jen လည်း Lisa ခြေအိတ်ချွတ်ပေးပြီး အင်္ကျီချွတ်ပေးဖို့ကျအခက်တွေ့နေတယ်။

" ဟင်း Jennie kim fighting နင်လုပ်နိုင်ပါတယ် ဟုတ်တယ်ငါကဘယ်သူလဲ Jennie kim ဘဲဟာ "
Jen လည်းတော်တော်ကြာသည်ထိ Lisa ကိုအင်္ကျီလဲပေးလိုက်ရတယ်။

" ဘာတေဖြစ်နေတာလဲ မောင် ရယ် "
Lisa နဖူးပေါ်ကဆံပင်လေးတေကိုသပ်တင်ပေးပြီး နဖူးလေးကိုဖိကပ်နမ်းလိုက်တယ်။jen ကပြန်တော့မယ်အလုပ် Lisa ကလက်ကိုဆွဲထားပြီး။

" မသွားပါနဲ့ တောင်ပန်ပါတယ် မောင် မ နဲ့မခွဲနိုင်ဘူး "
Jen ကိုလက်ကနေဆွဲချပြီး သူ့ရင်ခွင်ထဲထည့်ထညးတယ်။jen လည်းငြိမ်ငြိမ်လေးနေပြီး Lisa ရင်ခွင်ထဲတိုးဝင်ကာ ခါးတေကိုတင်းနေအောင်ဖက်ထားတယ်။ ဒီညတော့ Jen လည်း Lisa တိုက်ခန်းမှာဘဲအိပ်ဖြစ်လိုက်တယ်။

Lisa တစ်ယောက်မနက်နိုးလာတော့ခေါင်းကိုက်ခြင်းကသူ့ကို အရင်ဆုံးဒုက္ခပေးတယ်။ ပြီးတော့ ညာဖက်လက်ကလှုပ်လို့မရထုံပြီးကြင်နေတာကြောင့် ဘယ်ဘက်လက်ချောင်းလေးတေနဲ့နထင်ကိုင်ရင်းကြည့်လိုက်တော့။

" အားး ကျွတ်စ် ကျွတ်စ် ဟင် မ မ ကငါ့အခန်းထဲဘယ်လိုရောက်နေတာလဲ "
Lisa လည်းဘာမှမတွေးတော့ဘဲ Jen ဘက်လှည့်ကာ Jen မျက်နှာလေးကိုကြည့်နေတယ် ပါးဖောင်းဖောင်းလေးတေနဲ့မျက်ခွံပေါ်ကမှည့်လေးကအထင်းသား။ မနေနိုင်တဲ့အဆုံး Jen နဖူးလေးကိုနမ်းလိုက်တယ်။ပြီးတော့ မျက်ခွံပေါ်ကမှည့်လေး။ပြီးတော့ပါးဖောင်းဖောင်းလေတေ။ jen လည်းအဲ့တော့မှ လူးလွန့်ပြီးထလာတယ်။

" အင်းဟင် အား "
အကြောတေဆန့်ပြီး Lisa မှာသူ့အကောင်ပေါက်လေးလုပ်နေတာကိုသဘောကျလို့မဆုံး။ ပြီးတော့ Lisa ရင်ခွင်ထဲပြန်တိုးဝင်ပြီးအိပ်နေပြန်တယ်။ lisa လည်း Jen ဆံပင်တေကိုနမ်းရှိုက်ပြီး ဆံပင်လေးတေကြားသူ့နှာခေါင်းလေးမြှုပ်ထားတယ်။

" မ "

" ဟင် "

" ထတော့လေ "

Love Shot //Jenlisa //ChaesooWhere stories live. Discover now