Chapter-31

2.2K 173 13
                                    

ဒီနေ့ဟာကျွန်မနဲ့ မောင် နဲ့မင်္ဂလာခန်းဝင်ပစ္စည်းသွားဝယ်မယ့်နေ့လူဆိုးလေးကတော့ခုထိမနိုးသေးဘူးထင်ပါရဲ့ကျွန်မကိုခုထိလာမခါ်သေးဘူးဖုန်းခေါ်တော့လဲမကိုင်။ကျွန်မပဲသူ့တိုက်ခန်းကိုသွားခေါ်ရတော့မယ်။မောင့် တိုက်ခန်းကိုရောက်တော့ထင်တဲ့အတိုင်းပါပဲ ခုထိအိပ်ကောင်းတုန်းသူက။ ကျွန်မလည်းကုတင်နားကိုသွားပြီး မောင့် ဘေးနားမှာထိုင်လိုက်တယ်။ နဖူးထက်ကဆံပင်လေးတေကိုသပ်တင်ပေးလိုက်ပြီး နဖူးလေးကိုတစ်ချက်နမ်းလိုက်တော့ မောင့် နှုတ်ခမ်းလေးထက်မှာအပြုံးလေးတစ်ပွင့်ရောက်ရှိလာတယ်။ မျက်လုံးကတော့ခုထိမပွင့်သေး။ အိပ်ချင်ယောင်ဆောင်တဲ့သူကနှိုးရခက်တယ်တဲ့ မောင် ကလည်းအဲ့လိုပါပဲ ကျွန်မသူ့မျက်နှာပေါ်မှာ လက်လေးနဲ့တို့ထိနေတာတောင် အိပ်ချင်ယောင်ဆောင်နေတုန်း။ တကယ့်လူဇိုးလေး။

" မောင် "
Lisa ကတော့အိပ်တုန်းပါပဲ။

" မောင် ထတော့နော်အိပ်ချင်ယောင်ဆောင်နေတာသိတယ် "

" မောင် အိပ်ချင်ယောင်ဆောင်နေတာမဟုတ်ပါဘူး မ ဘာလုပ်မလဲစောင့်ကြည့်နေတာ "
Lisa ကမျက်လုံးဖွင့်ဖွင့်ချင်း Jen ကိုစနေတယ်။

" လူကို သူ့လိုနှာဘူးများထင်နေလားမသိဘူး "

" မဟုတ်လို့လား "
ပြောပြီး Lisa က Jen မျက်နှာလေးနားကိုတဖြည်းဖြည်းတိုးသွားတယ်။

" အာ မောင် နော်စောစောစီးစီးဘာလို့လာစနေရတာလဲ "
Lisa လည်း Jen ကိုယ်လုံးလေးကိုသိမ်းကြုံးဖက်လိုက်ပြီး။

" ဟဟ မောင် က မ ကိုအများကြီးချစ်လို့စတာပါဗျာ အခုလောလောစယ်တော့ morning kiss "
ပြောပြီးနှုတ်ခမ်းကြီးဆူပေးထားတယ်။ Jen လည်းစချင်တာကြောင့်။

" မပေးပါဘူး ဘာလို့ပေးရမှာလဲ သွား သွား ရေသွားချိုး နောက်ကျနေမယ် "
Jen ပြောလိုက်တော့ Lisa ကမျက်မှောင်ကြီးကြုံ့ပြီး။

" ဟာ မရဘူးဗျာ ပေး "

" ကဲ သွားပါ မောင် ရယ်ဂျီကျမနေနဲ့ နောက်ကျနေမယ် "
အဲ့တော့ Lisa လည်း Jen ကိုဖက်ထားတာကိုလွှတ်လိုက်ပြီး ကုတင်ပေါ်ပြန်အိပ်ကာ Jen နဲ့ဆန့်ကျင်ဘက်ကိုလှည့်အိပ်လိုက်ပြီးစောင်ကြီးခေါင်းထိခြုံလိုက်တယ်။ ပြောချင်တာက သူစိတ်ကောက်တယ်ပေါ့။ Jen လည်းပြုံးလိုက်တယ်။

Love Shot //Jenlisa //ChaesooWhere stories live. Discover now