Chapter-14

2K 158 10
                                    

Busan ကနေ seoul ကိုပြန်လာတဲ့လမ်းပေါ်ကကားတစ်စီးထဲမှာအပြုံး‌တေနဲ့ကောင်မလေးနှစ်ယောက်။

Lisa လက်ချောင်းလေးတေက Jen လက်သေးသေးလေးတေကြားစုပ်ကိုင်ပြီး Jen လက်လေးကိုသူ့နှုတ်ခမ်းနဲ့ထိကပ်ထားတယ် Jen မျက်နှာမှာလည်းအပြုံးလေးနဲ့.....

" မောင် လက်ကိုလွှတ်ပြီးကားကိုဂရုစိုက်မောင်းလေကွာ "

" မ ကလည်း မောင် ကဒီလိုလေးကိုင်ထားပြီး ဒီလိုလေးနမ်းချင်တာလေ အူးးမွခ်ျ " Jen လက်လေးကိုနမ်းလိုက်တယ်....

" အာ မောင် တို့မေ့နေတာတစ်ခုရှိတယ် "

" ဘာလဲ မောင် ရဲ့ဘာမေ့လို့လဲ "
Lisa ကားကိုလမ်းဘေးထိုးရပ်လိုက်တယ် Jen Lisa လုပ်နေတာကိုတစ်ခုမှနားမလည်ကြောင်ပြီးသာကြည့်နေတယ် Lisa ပတ်ထားတဲ့ခါးပတ်ကိုချွတ်လိုက်ပြီး Jen နဲ့အနီးဆုံးဖြစ်အောင်တိုးလိုက်တယ်။

" မောင် ဟော့ဒီကနှုတ်ခမ်းလေးကိုအကြင်နာမပေးရသေးဘူးလေ " Jen နှုတ်ခမ်းလေး‌ကိုသူ့လက်သွယ်သွယ်လေးနဲ့ထိကိုင်ပြီး။

" ဟာ ယူနော် " Jen မှာရှက်လွန်းလို့မျက်နှာလေးကပူရှိန်ရှိန်နဲ့ခရမ်းချဉ်သီးလိုဖြစ်နေပြီ...

" wae...မဟုလို့လား မောင် မနမ်းရသေးဘူးလေ နော် မ မောင်နမ်းချင်နေပြီ အရမ်း "

" ဟာ မောင်ကလဲကွာ "

" နော်ပါ "

" အင်းဟင် လူဇိုးလေး "
Jen လည်းမျက်လုံးလေးမှိတ်ပေးလိုက်တယ် ထိုးအခွင့်အရေးကို lalisa တစ်ယောက်လက်လွှတ်မခံ Jen နှုတ်ခမ်းလေးကိုသူနှုတ်ခမ်းလေးနဲ့ အပေါ်တလွှား အောက်တစ်လွှားနမ်းနေတယ် Jen လည်းကြာတော့ Lisa ပေါင်ပေါ်တက်ထိုင်ပြီး Lisa လည်တိုင်လေးကိုသိုင်းဖက်ကာ အမိအရနမ်းနေတယ် ကားပေါ်မှာအချစ်ငှက်လေးနှစ်ကောင်ပျံသန်းနေတယ်ကြည်နှူးမှုတေအပြည့်နဲ့။ကြာလာတော့ Jen နှုတ်ခမ်းတေနာလာလို့ထင်ပါရဲ့သူ့ဖက်ကစခွာလိုက်ပြီး Lisa ပခုံးလေးပေါ်မှီနေတယ် Lisa က Jen ကဆံပင်လေးတေကိုနားကြားထဲညှပ်ပေးလိုက်တယ် ။

" မ "

" ရှင် "

" မ နှုတ်ခမ်းတေကအရမ်းချိုတာဘဲ မောင့် ကိုကြည့်ပါအုံး " Lisa ကပြောတော့ Jen ကခေါင်းလေးထောင်ပြီးကြည့်လာတယ်.....

Love Shot //Jenlisa //ChaesooWhere stories live. Discover now