Part - 1

101 4 0
                                    

အကုန်ပြင်ဆင်ပီးပီမို့ မှန်ကိုကြည့်လိုက်သည်။
အရပ်၅ပေ၅နဲ့ ခန္ဓာကိုယ်ကပိန်နေတာကြောင့် တုတ်ချောင်းတချောင်းနှယ်။အို ထားပါ...မျက်ခုံးထူထူနက်နက်လေးကချို့အတွက်ဘုရားပေးတဲ့လက်ဆောင်ပေါ့။ ဘိုတော့ထိုးစရာမလိုတဲ့နှုတ်ခမ်းဖောင်းဖောင်းအိအိလေးက ချိုတင်ထားတဲ့ပန်းနုရောင်အဆီလေးနဲ့အရမ်းလိုက်ဖက်နေတာပါပဲ။ကဲ အကုန်ပြီးပြီ။
ဆံပင်တိုတိုကိုလက်နှင့်အသာအယာပွတ်သပ်လိုက်သည်။မွေးရာပါဆံသားကောင်းလွန်းနေတာကြောင့်လားမပြောတတ် ဆံပင်ကဖြောင့်စင်းပီးအိနေသည်။ဆံပင်ရှည်ထားရခြင်းကိုမနှစ်မြို့တာကြောင့် အလယ်တန်းထဲက မေမေတားနေရင်းနဲ့ ခိုးညှပ်ခဲ့တာမို့ အခုအရွယ်ထိ အကျင့်ရပီး ဆံပင်ရှည်လာရင်ကိုမနေတတ်တော့

.... ဒေါက် ဒေါက်....

"မမချို ​ကြီးကြီး က ဆင်းခဲ့ပါတော့တဲ့"

"အေး လာပြီ လာပြီ" ..... ဖယ်ရီလာတော့မှာမို့ မေမေက အခေါ်လွှတ်လာပါပြီ ချိုတယောက်ရစ်နေ၍မရတော့။အခန်းထဲကထွက်ကာ ဘုရားခန်းခဏဝင် ဦးချပြီး အောက်သို့ဆင်းလာလိုက်သည်။

"ဘာလုပ်လုပ်မြန်ဆန်ရဲ့သားနဲ့ အချိန်နီးလို့ခေါ်မှဆင်းလာတဲ့အကျင့်ပြင်သင့်ပီ မိချို"

"ချို က နဂိုထဲကဒီလိုပဲဟာ ချို့ကိုဆိုဘာ​နေနေအပြစ်ပြောဖို့စောင့်နေသလိုမလုပ်ပါနဲ့လားမေမေရယ်"

"တခွန်းမှကိုမခံဘူး တိမ်လွှာနဲ့ပေါင်းပြီး တိမ်လွှာအကျင့်လေးနဲနဲမှကူးမလာလို့ ရင်လေးတယ်ဟေး ဖယ်ရီလာပြီ...အမတော် ကြွ ကြွ"

"ကြွပါပြီတဲ့ရှင် ပဲနို့သောက်ထားပီးပီ စိတ်မပူနေနဲ့ဦးနော်"

"စံစံရေ တံခါးသွားပိတ်လိုက်ဦး ဟိုလျှပ်ပြာမက တံခါးဗြဲလျမ်းဟထားခဲ့ဦးမှာ"

"ဟုတ် ကြီးကြီး"

သမီးချို ၃တန်းလောက်မှာ ဖအေဖြစ်သူ ကားအက်စီးဒင့်ဖြစ်ပြီးဆုံးသွားခဲ့သည်။ထိုချိန်ထဲက ဒေါ်စန္ဒာချိုတယောက်ထဲ အထည်ဆိုင်ဖွင့်ရင်းတဖက်တွင်လည်း ပိတ်စ/အထည်များလက်လီလက်ကားဖြန့်ရင်းငွေရှာကာထိန်းကျောင်းခဲ့ရသည်။ဖတဆိုးလေးမို့ မရိုက်ရက်မတို့ရက် အလိုလိုက်ထားခဲ့တာမို့ မြူနှင်းချိုတယောက်အထိမခံကြွေပန်းကန်လေးဖြစ်လာခဲ့သည်။သားအမိ၂ယောက်ဝမ်းရေးတွက်မပူရပေမယ့် ဆိုင်တဖက်နှင့်မအားသောကြောင့် ချိုအဖော်ရစေရန် ဆွေမကင်းမျိုးမကင်းကလေးမလေးစံစံကိုအိမ်တွင်ခေါ်ထားပေးသည်မှာ၁နှစ်ပင်ရှိတော့မည်။ဒေါ်စန္ဒာချိုအတွေးလွန်နေတုန်း

စည်း Where stories live. Discover now