Part - 5 (2)

23 1 0
                                    

အတန်းမစခင် ၁၀မိနစ်အလိုမှ မိုးတိမ်လွှာရောက်ချလာသည်။

"မြူ လွှာ့အတွက်မှာထားတဲ့ပဲနို့"

ရော လို့ ထည့်မသုံးပဲ ဝယ်ထားပေးမှန်းအတပ်သိပြီး တန်းမေးလိုက်ခြင်းပင်။

"ပဲနို့ချည်းပဲဆို ဗိုက်ဟာနေမှာစိုးလို့လွှာစားတတ်တဲ့ ပေါင်မုန့်လေးတွေပါ နည်းနည်းဝယ်လာခဲ့လိုက်တယ် ရော့"

မြူနှင်းချို မိုးတိမ်လွှာလက်ထဲသို့ မုန့်ထုတ်ကြီးကမ်းပေးလိုက်သည်။

"ဒါ နည်းနည်းလား မြူရယ် ငါအဲ့လောက်လည်းစားမနိုင်ပါဘူး"

အေမီနှင့်ဖူးပွင့်က

"လွှာငါတို့ကို၁ထုပ်ပေးလေ ကုန်မှမကုန်ပဲကို အားနာပါးနာနဲ့ အရသာရှိရှိစားပေးမှာပေါ့ ပေးရင်ပြောတာပါ"

ဆိုပြီး ချို့အား မျက်စပစ်ကာ လှမ်းစကြသည်။

"မျက်စ ပစ် မနေကြပါနဲ့ အမတို့ရယ်
စားကြပါ စားကြပါ ကျွန်မက အမတို့ထင်သလောက် ကပ်စေးမနည်းပါဘူးတဲ့ရှင်"

ချို ဝင်ပြောလိုက်မှ မအောင့်နိုင်ပဲ အကုန် ရီမောကြတော့သည်။
______________________

အိမ်ပြန်ရောက်မယ့်အချိန်ထိ ရောင်ဝန်းနီ မစောင့်နိုင်တော့။

"ဟေ့ရောင် ညနေ Drawingချိန်ရော?"

သက်ပိုင်လှမ်းမေးသည်။

"လစ်မှာ အိမ်ပြန်ပြီ....ကိစ္စရှိသေးလို့"

"Good ကားဖြည်းဖြည်းမောင်းဦး hyg"

"စိတ်ချ ...... သွားပြီ Hygရေ"

သူရနှင့်သက်ပိုင် အတန်းပဲ သွားလိုက်တော့သည်။
_____________________

( အတိတ် )

" မြန်မြန်သွက်သွက်လေးလုပ်ကြဟေး ၅နာရီထိုးခါနီးပြီ ဂိတ်ချပစ္စည်းတွေ မနက်ဖြန်ခါမှအထုတ်ဖောက်ပစ္စည်းစစ်ဖို့လုပ် လုပ်လက်စတွေပဲ အရင်လက်စသက်ကြတော့ "

ညနေ စျေးသိမ်းချိန်လည်းနီးနေပြီမို့
ဝယ်သူလည်းပါးနေပြီလေ။
ဦးဘုန်းခေါင် ဆိုင်မြန်မြန်သိမ်းပြီး အိမ်ပြန်ဖို့အရေး စိတ်လောနေသည်မှာ ဘေးကမြင်ရသူတိုင်းအဖို့ အထင်းသားပင်။

ဦးဘုန်းခေါင် မိဘများ၏လက်ရင်း လုပ်ငန်းဖြစ်သော ပိုးထည် နှင့် အထည်ဆိုင်အား ဆိုင်ခွဲဖွင့်နိုင်ရန်အမြဲစျေးပိတ်သိမ်းခါနီးမှသာ ဆိုင်သိမ်းဖို့ဆော်သြတတ်သူမဟုတ်လား။ဒီနေ့တစ်ရက်တော့ သမီးလေးမွေးနေ့မို့ အိမ်အမြန်ပြန်ဖို့လောနေရခြင်းပင်။တစ်ရက်ကြိုတင်အော်ဒါတင်ထားရသော ကိတ်ကလေးဝင်ယူပြီး သမီးလေးကို ပျော်အောင်လုပ်ပေးရမည်လေ။မိစွာတေးလေးက ဒီတစ်ရက်လေး ကစားကွင်းမပို့ပေးလို့ စိတ်ကောက်တော်မူနေသည်မဟုတ်ပါလား။ဆိုင်ပိတ်ဖို့အထိအဆင်မပြေ အထည်ဆိုင်မှာ လက်လီလက်ကား ကုန်တင်ကုန်ချ အမြဲမပြတ်တာမို့ တရက်ပိတ်လျှင်တရက် အရမ်းသိသာလွန်းသည်လေ။ ဖောက်သည်တွေစိတ်ကွက်ပြီး မိတ်ပျက်မှာလည်းစိုးရသည်။ဆိုင်ဖွင့်ဖို့ရွေးလာခဲ့သော်လည်း အခုတော့ အိမ်ပြန်ပြီးချော့ရတော့မှာမို့ စိတ်လောနေရခြင်းပင်။

"Hello....ကျနော် နောက်နာရီဝက်နေရင် ကိတ်လာယူပါမယ် ...... ဟုတ်ပါတယ် မြူနှင်းချို အသက် ၆နှစ် မှန်ပါတယ်......ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ"

ကိတ်ဆိုင်ကို လှမ်းအသိပေးရသည်မှာ အခြားမဟုတ်....နာမည် အသက် ရေးမှားမှာစိုးလို့ပင်။

_____________________

You've reached the end of published parts.

⏰ Last updated: Oct 30, 2021 ⏰

Add this story to your Library to get notified about new parts!

စည်း Where stories live. Discover now