Part - 4 (2)

16 1 0
                                    

အဖြူ အပြာ အနီ.....ရောင်စုံဝမ်းဆက်လှလှလေးတွေကြည့်ရင်း လရိပ်တစ်စုံရွေးချယ်လိုက်သည်။

(အနီလေးပဲ ဝတ်လိုက်ပါတော့မယ်)

အင်္ကျီနီနီခါးတိုလေးကြောင့် သူမကိုယ်ခန္ဓာအချိုးအစားလေးက ပိုပေါ်လွင်နေသည်။ပြင်ဆင်ပြီးအခန်းထဲမှအထွက်....

(မေမေတခါမှဆောင့်ဆောင့်အောင့်အောင့်မပြောဖူးပါဘူး ရန်ဖြစ်နေကြတာများလား)

လရိပ်ဖြူစင် နားမထောင်နေတော့ပဲ အောက်ဆင်း၍

"ဒေါ်လေးရေ လရိပ်ကို အိုဗာတင်းလေးဖျော်ပေးပါဦး ရေခဲလေးနဲ့ သကြားမထည့်ဘူးနော် မေ့ပြီးထည့်မလာနဲ့"

အိမ်မှာလရိပ်ငယ်ငယ်ထဲကအလုပ်လုပ်တဲ့သူကို လှမ်းပြောလိုက်သည်။အဒေါ်အရွယ်မို့ ဒေါ်လေးဟုခေါ်လာရာ အခုရွယ်ထိ ဒေါ်လေးလို့သာနှုတ်ကျိုးနေ။

......................................

"ကိုမိုး သွားတွေ့ချင်တယ်လို့တော့ ဖြူ့ကိုမပြောနဲ့နော်...ဖြူဘယ်လောက်ထိ ကြောက်ခဲ့ရလဲ ဘယ်လိုနေခဲ့ရလဲ စိတ်နဲ့လူနဲ့မကပ်တဲ့အထိ ပြိုလဲခဲ့တာတွေရော အကုန်အကုန် သမီးလေးမျက်နှာနဲ့ ဖြူ တင်းခံလာခဲ့တာ ကိုမိုးအသိဆုံးပဲမလား"

ဦးမိုးဆွေ ဘာမှဆက်မပြောတော့။
မျက်ရည်ဝဲနေသော ဖြူ့ကို အသာဖက်ထားလိုက်သည်။

"Sorry ဖြူ......ကိုယ်စိတ်လောသွားတယ်"

"တစ်ခုခုဆုံးဖြတ်တော့မယ်ဆိုရင် ဖြူ့ကိုမငဲ့ချင်နေပါ သမီးမျက်နှာကိုတော့ ထောက်စေချင်တယ် ဒါလေးတစ်ခုပါပဲ ဖြူတောင်းဆိုတာပါ ကိုမိုး"

"စိတ်ချပါ ဖြူ
ကိုယ်ဘာလုပ်လုပ် အရင်တိုင်ပင်မှာပါ"

ဒေါ်သက်လျာဖြူ စိတ်အေးသွားသည်။
အတိတ်တွေဆီ နောက်တစ်ခေါက်ပြန်မရောက်ချင်တော့ပါ။ဖြစ်ပျက်ခဲ့သမျှအကုန် မနေ့ကနေ့ကလိုမေ့မရခဲ့သော်လည်း အိပ်မရခဲ့တဲ့အချိန်တွေ ကြောက်ရွံ့ပြီးအသိစိတ်မကပ်တော့တဲ့နေ့ရက်တွေ...သမီးလေးကိုပါမိဘအိမ်ပို့ထားရတဲ့အထိ စိုးရိမ်မှုတွေနဲ့ဖြတ်သန်းခဲ့တဲ့ထိုအချိန်တွေကို မေ့ထားပစ်ချင်ခဲ့တာအမှန်ပါ။သမီးလေးကိုတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မသိစေရ......။

စည်း Where stories live. Discover now