Part - 5

18 1 0
                                    


ပဲနို့ဘူးကြီးတစ်ဘူး ထက်လွင်အာလူးကြော် ယိုမပါတဲ့နို့ပေါင်မုန့် နဲ့ Pucciကထုတ်တဲ့ လွှာအကြိုက်ဆုံး Cheese Mayonnaiseသုံးထုပ်လောက်အိတ်ထဲထည့်လိုက်သည်။ချိုကတော့ မနက်စာစာလာသည်မို့ ဘာမှထပ်မဝယ်တော့။
ပိုက်ဆံရှင်းပြီး ကျောင်းထဲဝင်ရန် လမ်းကူးခဲ့သည်။

" ချို .... ချိုရေ...ချို "

ခေါ်သံကြားသော်လည်း ချိုဆိုတာ မိမိတစ်ဦးထဲပဲရှိတာမှမဟုတ်ပဲလေ....လှည့်မကြည့်မိ။

'ဘုတ်'

ကျောပြင်ပေါ်ဗျောတင်ခံလိုက်ရသည်။

"သေပါပြီဟဲ့ ဖြည်းဖြည်းသာသာရိုက်ပါ ဖူးပွင့်ဝေရယ်"

"ခေါ်တာလှည့်မကြည့်ဘူးလေ ရှင်က"

ဖူးပွင့်ဝေ တယောက် မျက်နှာထားနှင့်မဲ့ရွဲ့ပြောနေသဖြင့် ဟန်မဆောင်နိုင်ပဲ ရီမိကြသည်။

"ဟက်ဟက် အေးပါ ငါမှားတာ ငါမှားတာ"

"အများကြီးဝယ်လာတယ်?
မနက်ကဘာမှမကြိတ်ခဲ့လို့လား?"

အေမီကလက်ထဲကမုန့်ထုပ်ကိုသတိထားမိပြီး မေးသည်။

"မဟုတ်ပါဘူး ချိုကစားလာပါတယ်
လွှာ့အတွက်ဝယ်ခဲ့ပေးတာ မနက်အတန်းလည်း တစ်ချိန်ပဲဆိုတော့အေးဆေးစားလို့ရအောင် နည်းနည်းပိုဝယ်လာပေးလိုက်တာ"

"လွှာရောက်နေပြီတောင်ထင်တာ နေ့တိုင်း အစောဆုံးရောက်တတ်လို့လေ နောက်ကျမယ်တဲ့လား"

"အင်း အဲ့လိုပဲဆိုပါတော့"

"အမလေးဟယ် သူတို့ကငယ်သူငယ်ချင်းတွေဆိုတော့ကပ်စေးကုပ်ပြီးမပြောပြချင်တာ ကြည့်....ငါနဲ့အေမီကလည်း မိုးတိမ်လွှာရဲ့သူငယ်ချင်းဖြစ်နေပါပြီ ဒေါ်မြူနှင်းချိုရဲ့"

အေမီရယ်လေတော့သည်။

"မဟုတ်ပါဘူးဖူးပွင့်ရယ်
အတိုချုံးပြောတဲ့သဘောပါ ကပ်စေးလည်းမကုပ်ရပါဘူး မိန်းကလေးအချင်းချင်းပဲဟာ စိတ်ချပြီးသား...."

"လွှာကဘယ်သွားစရာရှိလို့နောက်ကျမှာလဲ ချို"

"လွှာ့မေမေက စာရေးဆရာမလေ
ဒီနေ့စာအုပ်တိုက်ဝင်စရာရှိတယ်လို့တော့ပြောတာပဲ သေချာတော့မသိပါဘူး မနက်စာမစားခဲ့လို့ ပဲနို့ဝယ်ထားခိုင်းတာနဲ့ သူကြိုက်တဲ့မုန့်တွေပါနည်းနည်းဝယ်ထားပေးလိုက်တာ"

ဖူးပွင့်ဝေရောအေမီညိုပါ
ခေါင်းတငြိမ့်ငြိမ့်နှင့် အခုမှ တိတ်သွားကြ။
မသိလျှင် ချိုကပဲ လွှာ့ကိုကပ်စေးကုပ်နေသလိုလိုထင်နေကြတာမဟုတ်လား။ချိုက လူကဲခတ်တတ်ပါတယ်။အေမီရောဖူးပွင့်ရော မိန်းမချင်းသဘောမကျလောက်မှန်းသိလို့ အစထဲက သူငယ်ချင်းလုပ်ဖို့တားတောင်မတားခဲ့ပါလေ။
မြူနှင်းချို ရဲ့ ကပ်စေးကုပ်ခြင်းကလည်း
မိုးတိမ်လွှာအပေါ် ချစ်တဲ့စိတ်တစ်ခုထဲကြောင့်သာဖြစ်တည်လာတာမဟုတ်လား။နှစ်နဲ့ချီချစ်လာခဲ့ရသူမို့ အနည်းဆုံးတော့ ကိုယ်သဘောကျရသူအနီး ရောက်လာတဲ့ရန်အပေါင်းကို ရှောင်ရှားတတ်လောက်တဲ့အထိ ကျွမ်းကျင်နေပါပြီလေ။

.................................

စည်း Where stories live. Discover now