Part - 4 (1)

14 1 0
                                    

' တီတီတီတီ.....တီတီတီတီ '

Alarmမြည်ပြီ...၆နာရီခွဲပီမို့ အိပ်ရာမှထရတော့သည်။မနက်စာလူစုံမစားလျှင် အဖေ့တရားချသံကို ၁ပတ်လောက်နာရပေမည်။မဖြစ်ပါချေ...။
ယောက်ျားလေးဖြစ်သော်လည်း အသန့်အလွန်ကြိုက်တတ်သူမို့ မေမေက လိုတာမရှိအောင် မျက်နှာသစ်ဆေး ရေချိုးဆပ်ပြာ ရှန်ပူ ဘာညာအကုန်ထားထားပေးသည်။ကိုကြီး ကြွယ်ဝပြည့်စုံ မိန်းမယူပြီးထဲက မေမေ့မှာ သူ့ကို နဂိုထက် ပိုသဲသဲလှုပ်နေတာနှင့် သူအိမ်တွင်းအောင်းနေရတာ ရက်အတန်ကြာပင်။ကျောင်းဖွင့်မှသာ အသက်ရှူပေါက်ရတော့သည်။မေမေ့ကိုလည်းအပြစ်မမြင်ပါ သားဖြစ်သူကိုချစ်တာကိုးလို့ပဲဖြည့်တွေးပေးလိုက်တာများသည်။

မှန်ထဲပေါ်နေသော ကိုယ့်body ကိုယ့်ရုပ်ရည်အား အလွန်သဘောတကျကြည့်ရင်း ပြုံးနေသူမှာ ဓနပြည့်စုံ ။

' ရုပ်ချော အသားဖြူ ရင်အုပ်ကျယ်ကျယ် ပေါင်မုန့်၆တုံး (အမျိုးသမီးထုတို့အခေါ်) ဓနပြည့်စုံ အတွက် ဓနအပြင်ရူပါ,ပါပြည့်စုံနေတာပဲ'

တယောက်ထဲတွေးရင်းကျေနပ်နေသည်။

' 🎼🎼🎼 '

"အေး ရဲမင်း ပြော....."

"မင်းထွက်လာပြီလား မထွက်လာရသေးရင် ဝေဖြိုးနဲ့ဇေယျကိုဝင်ခေါ်ခဲ့ပေးကွာ ငါမားသားကြီးခိုင်းထားတာလုပ်ပြီးမှ လာရမှာ"

"အေးရတယ်လေ ပြော ဘယ်နေရာမှာဝင်ခေါ်ခဲ့ရမလဲ သူတို့အိမ်ပဲလား တယောက်ဆီဆို ငါလိုက်မပင့်ဘူးနော် hyg "

"တယောက်ဆီမပင့်ရပါဘူးကွာ
ဟို၂ကောင်ကိုငါချိန်းထားပြီးသား (..........)
အဲ့ကိုဝင်ခေါ်ခဲ့ပေးရုံပဲ ဟိုကောင်တွေရှိနေလိမ့်မယ် ဒါပဲ hygရေ "

ရဲမင်းပြောချင်ရာပြောပြီးဖုန်းချသွားသည်။

(သူပြောတဲ့လိပ်စာဆို ဟို၂ကောင်အိမ်နဲ့မနီးဘူးပဲ ဒီကောင်တွေ အကွက်ရွှေ့ကြပြန်ပြီ)

အချိန်သိပ်မရတော့။တီရှပ်အဖြူလက်ရှည်တထည်ကို ရင်ဘတ်ကြယ်သီး၁လုံးမတပ်ပဲ ဝတ်လိုက်ပြီး အင်္ကျီလက်ကို တံတောင်ထိ သပ်သပ်ရပ်ရပ်လေးခေါက်တင်ထားလိုက်သည်။လက်ပတ်နာရီလေးပတ်ပြီး ဂျင်းမဲဘီရှည်တထည်ဝတ်ဆင်လိုက်သည်။ဒီနေ့တော့ မျက်ကပ်မှန်မတပ်တော့ပေ။ပြင်ဆင်ပြီး မေမေ့လက်ရာ အုန်းနို့ခေါက်ဆွဲလေးကြိတ်လိုက်သည်။အကုန်ပြီးပြီးမို့ ဟိုကောင်တွေဆီသွားရတော့မည်။

စည်း Where stories live. Discover now