1

3.9K 137 26
                                    

Zawgi
မိုင် S2-1
___________

Rainအမည်ဖြင့်ဓါတ်ပုံဆိုင်ထဲမှာခွန်ချမ်းပိုင်တို့သူငယ်ချင်းတစုပွက်လောရိုက်နေသည်

" ငချမ်း မင်းကမြန်မာကိုခုမှပြန်ရောက်တော့ ငါတို့ခရီးတိုလေးတခုထွက်ကြမလား "

ခွန်ချမ်းပိုင်သည် ကင်မရာကိုသေချာသုတ်ကာဇေယျအမေးကိုပြန်ဖြေခဲ့သည်

" အေး မင်းတို့ဘယ်သွားချင်လို့လဲ "

" ပြင်ဦးလွင်မှာပန်းပွဲတော်ရှိတယ် သွားကြမလားဓါတ်ပုံလည်းရိုက်ရင်းပေါ့ "

ဇေယျစကားကိုလုဖြေလိုက်သူမှာညီနေနိုင်ဖြစ်သည် ညီနေနိုင်စကားကိုဇေယျလည်းထောက်ခံသည်

" ဒီကောင်ပြောတာဟုတ်တယ်ကွ ပြီးတော့ပြင်ဦးမှာလည်းအချောအလှလေးတွေပေါတယ်ကွ အဟက် "

" နှာဘူးတွေဒါကျတတ်တယ် ပြင်ဦးလွင်ဆိုတော့လည်းကောင်းတာပေါ့ငါ့ညီမရှိတယ် သူ့ဆီလည်းဝင်ရင်းပေါ့ ဘယ်နေ့သွားမှာလဲ "

" ဒီနေ့ဘဲကွာ ! "

ခွန်းချမ်းပိုင်တို့သူငယ်ချင်းသုံးယောက်သည် ကားကိုကိုယ်တိုင်မောင်းကာပြင်ဦးဆီသို့ထွက်ခဲ့ကြသည်

ဒီခရီးစဉ်ကကျွန်တော့်နှလုံးသားကိုပြောင်းလဲသွားစေမယ်ဆိုတာမသိခဲ့မိဘူး။

" မိုင် ! မိုင် ! "

နေကြာခင်းကိုရေလောင်းနေတဲ့မိုင်တစ်ယောက်အိမ်ထဲကနွယ့်ခေါ်သံကြောင့်မျက်ခုံးတွန့်လိုက်သည်

" နွယ် ငါဒီမှာဘာလို့အဲ့လောက်ထိခေါ်နေတာတုန်း "

" ဟီး မနက်ဖန် အမျိုးသားဥယျာဉ်ထဲမှာပန်းပွဲတော်ရှိတယ် စိတ်ပြေလက်ပျောက်သွားမလားမိုင် "

" အင်း ကောင်းသားဘဲသွားတာပေါ့ "

" အွန်း မိုင် "

အချိန်တွေကတရွေ့ရွေ့ပြောင်းလဲနေခဲ့တယ် ရက်တွေလတွေနှစ်တွေသာပြောင်းလဲသွားတယ် ခုထိမောင့်ကိုချစ်တဲ့အချစ်တွေကမပြောင်းလဲခဲ့သေးဘူး နေကြာတွေကိုချစ်တဲ့စိတ်လည်းမပြောင်းလဲသွားဘူး ကျွန်မအထီးကျန်တဲ့အခါနေကြာတွေကကျွန်မရဲ့အဖော်မွန်ပေါ့။

မိုင်(Mile) Section2Where stories live. Discover now