Zawgi
မိုင် S2-2
__________ဒီနေ့ညီမလေးရဲ့ဖိတ်ကြားမှုကြောင့်သူ့အိမ်မှာသူငယ်ချင်းတွေနဲ့ထမင်းစားဖို့ထွက်လာခဲ့သည် ညီမလေးပြောတဲ့အိမ်ရောက်တော့ ခြံထဲမှာတော်တော်လေးကိုလှတဲ့နေကြာခင်းကြီးကိုဦးဆုံးတွေ့လိုက်ရသည် ဒီနေကြာတွေကြောင့်ကျွန်တော့်ရဲ့နေကြာလေးကိုတောင်သတိရမိသည်
" ကိုချမ်း ! "
နေကြာခင်းဆီအာရုံရောက်နေတုန်းကညီမလေးခေါ်တာကိုမကြားမိလိုက်ပေ
" ဟေ ! အေး ပြော "
" ဘာရပ်လုပ်နေတာလဲလာလေအိမ်ထဲဝင်လေ အကိုတို့လည်းဝင်ပါ "
ကျွန်တော်တို့သူငယ်ချင်းတွေလည်းအိမ်ထဲဝင်လာတော့ကျွန်တော်တို့ကိုကျောခိုင်းရပ်နေကာအလုပ်လုပ်နေတဲ့မိန်းကလေးကြောင့်ခြေလှမ်းတွေရပ်လိုက်သည်
" မိုင်ရေ ခနလောက်ငါ့အကိုနဲ့မိတ်ဆက်ပေးမလို့ "
ထိုမိန်းကလေးကအလုပ်လုပ်နေရာမှကျွန်တော်တို့ဆီတဖြေးဖြေးလှည့်ကြည့်လာခဲ့သည်
" နေကြာလေး ! "
" ဇေယျအဲ့ဒါငချမ်းရဲ့နေကြာလေးဆိုတာလေ "
ဇေယျနဲ့ညီနေနိုင်မှာတီးတိုစကားဆိုနေသည်
နောက်တကြိမ်အသက်ရှုဖို့ထပ်မေ့ရပြန်သည် ကံကြမ္မာကလှည့်စားတာလားတွေ့ဆုံခွင့်ပေးတာလားဆိုတာတောင်ဝေခွဲမရပေ ယခုချိန်မှာတော့ကျွန်တော့်ဆုတောင်းတွေပြည့်ခဲ့သည်
" ဟမ် ! ရှင်ပါလား ! "
မိုင့်ရဲ့စကားကြောင့်နွယ်ကကြောင်တောင်တောင်လေးဖြစ်သွားသည်
" မိုင် ငါ့အကိုနဲ့နင်ကသိနေတာလား ! "
" အာ အဲ့ဒါကလေ "
ကျွန်မတကယ်အားနာမိသည် မနေ့ကဒေါသထွက်လို့ပြောဆိုလုပ်ခဲ့တဲ့သူကကိုယ့်အချစ်ဆုံးသူငယ်ချင်းရဲ့အကိုဖြစ်နေလိမ့်မယ်လို့တခါမှမတွေးမိခဲ့ဘူး
" ကျွန်တော်တောင်းပန်ပါတယ်နော် "
အဆုံးအစမရှိတောင်းပန်လိုက်တဲ့စကားကြောင့်နွယ်ကတော့ကြားကနေနားမလည်ဖြစ်နေသည်