22

1.3K 91 12
                                    

Zawgi

မိုင် S2-22
__________

ကိုကိုအကူညီနဲ့အမေ့ဆီကအမှတ်ယူဖို့ကြိုးစားရမည်။ကိုကိုကလည်းအပြည့်အဝထောက်ခံကာကူညီပေးသည်။

" အမေရှင့် "

ဧည့်ခန်းထဲမှာထိုင်ကာချည်ထိုးနေတဲ့ကိုကိုအမေကိုအမေလို့ခေါ်လိုက်တော့မျက်ထောင့်နီနဲ့ကြည့်လာသည်။

အမေကသူ့ကိုကျွန်မကအမေလို့မခေါ်ဖို့ပြင်းပြင်းထန်ထန်တားမြစ်ထားတယ်မဟုတ်လား။သတိလွတ်စွာခေါ်မိတဲ့ပါးစပ်ကိုသာစိတ်တိုမိသည်။

" အာ အန် အန်တီရှင့် ! "

" ပြော ! "

" ဟိုလေအန်တီချည်ထိုးနေတာတွေ့လို့ကျွန်မကူညီပေးချင်လို့ပါ "

အရင်တုန်းကလည်းမောင့်တွက်ဆွယ်တာတွေကိုကိုယ်တိုင်ထိုးပေးနေကျမို့ချည်ထိုးတာကအခက်ခဲမရှိပေ။

" မလိုဘူး ! "

တခွန်းတည်းပြောပြီးတာနဲ့ချည်ဆက်ထိုးနေတဲ့အမေ့ကြောင့်ကျွန်မသက်ပြင်းချမိသည်။

" ဖွားဖွားကြီး ! "

ကျောင်းကပြန်လာတဲ့သမီးလေးကအမေ့ကိုပြေးဖက်လိုက်သည်။အမေကကျွန်မပေါ်တင်းမာပေမဲ့သမီးလေးကိုတကယ်ချစ်ပေးသည်။

" မြေးလေး ကျောင်းကပြန်လာပြီလား  "

" ဟုတ်တယ်ဖွားဖွားကြီး ဒီနေ့လေဖေဖေကမီးကိုရေခဲမုန့်ဝယ်ကျွေးတယ် ပြီးတော့မေမေလေးအတွက်လည်းဝယ်ပေးတယ် ဖွားဖွားကြီးတွက်လည်းအားဆေးဝယ်လာတယ် "

ကျွန်မကိုအမေဘယ်လောက်မုန်းမုန်းသမီးလေးရှေ့မှာတော့တခါမှဒေါသအရိပ်ယောင်မပြပေ။

" ဟုတ်လား ရေခဲမုန့်ကစားကောင်းလားမြေးလေး "

" ကောင်းတယ်ဖွားဖွားကြီး "

" ဟုတ်ပါပြီကွယ် ဒါဆိုမြေးလေးရေချိုးတော့နော် ပြီးရင်ဖွားဖွားနဲ့ခြံထဲမှာဆော့ကြမယ် "

" ဟုတ်ဖွားဖွားကြီး "

အိမ်ခန်းထဲသမီးလေးဝင်သွားတော့မှကိုကိုလည်းကားသော့ကိုင်ကာအိမ်ထဲဝင်လာသည်။ကိုကိုကအဆင်ပြေလားဆိုတဲ့မျက်နှာရိပ်နဲ့မေးပေမဲ့ကျွန်မခေါင်းခါပြလိုက်သည်။

မိုင်(Mile) Section2Where stories live. Discover now