12

1.6K 100 10
                                    

Zawgi

မိုင် S2-12
__________

ဒီနေ့တော့နေကြာလေးနဲ့ကျွန်တော်မဟာအံထူးကံသာဘုရားကိုအတူတူလာပြီးဘုရားဖူးဖြစ်ကြသည်။

" မိုင်ဘာတွေဆုတောင်းလိုက်လဲ "

ကျွန်တော့်ရဲ့အမေးကိုနေကြာလေးကပြုံးလိုက်သည်။

" ကိုကိုနဲ့မတွေ့ခင်ထိတော့ကျွန်မဆုတောင်းခဲ့တာတခုရှိတယ် "

" ဘာများလဲမိုင် "

" အချစ်ခံပါရစေလို့လေ ဒါပေမဲ့အခုတော့ကျွန်မဆုတောင်းဖြစ်တာနောက်တခုဖြစ်သွားပြီ ကိုကိုနဲ့သက်ဆုံးတိုင်လက်တွဲပါရစေလို့ "

" မိုင်ရယ် ကျွန်တော်ကမိုင့်ကိုဘယ်တော့မှစွန့်လွှတ်မှာမဟုတ်ဘူး "

ကျွန်တော်နဲ့မိုင်တနေ့လုံးဘုရားဖူးရင်းကုသိုလ်လုပ်ရင်းနဲ့အချိန်ကုန်ဖြစ်ကြသည်။

တဖြေးဖြေးနဲ့စိမ်းကားလာတဲ့ဦးရဲ့အပြုမူတွေကြောင့်အိန်ဂျယ်ဝမ်းနည်းမိတယ်ဦးရယ်။

" မာမီ "

ဦးရဲ့အကြောင်းကိုတွေးနေရင်းသမီးလေးခေါ်နေတာမကြားဖြစ်မိသွားသည်။

" အင်း ပြောလေသမီး "

" ပါးပါးကလေမီးကိုမရှစ်တော့ဘူးယားသိဝူး "

" ဘာလို့လဲသမီး "

" ပါးပါးကအရင်ကဆိုမီးလိုချင်တာတွေအကုန်ဝယ်ပေးတယ် ခုမီးကပါးပါးနဲ့မားမီရယ်အတူတူလျှောက်လည်ချင်လို့ခေါ်တာကိုအားဘူးတဲ့ "

သမီးလေးစကားကြောင့်ရင်ထဲအောင့်တက်သွားမိသည်။သမီးလေးရဲ့အဖေကသမီးထက်သူ့မှာပိုချစ်ရမဲ့သူရှိနေတယ်လေ။အဲ့တစ်ယောက်တွက်သူ့အချိန်တွေဖြုန်းနေတာမာမီတို့ကိုဘယ်အချိန်ပေးနိုင်ပါ့မလဲ။

အရာအားလုံးကိုအစကပြန်စလို့ရမယ်ဆိုရင်မိုင့်ကိုမောင့်အနားကထွက်မသွားနိုင်အောင်မောင်ဆွဲထားမိမှာအမှန်ဘဲ။ကံတရားကရက်စက်ပါတယ်မောင့်ရင်ထဲကိုမိုင်ဆိုတဲ့အမျိုးသမီးလေးကိုထည့်ပေးပြီးတော့ပြန်ဆွဲထုတ်သွားတယ်။

" ဆရာစိုင်းနောင် ! "

မိုင့်အကြောင်းစဉ်းစားမိရင်းအခန်းဝကခေါ်သံကြောင့်လှမ်းကြည့်မိတော့ဒေါသကအဆုံးမဲ့သွားသည်။

မိုင်(Mile) Section2Where stories live. Discover now