25(Final)

3.4K 159 18
                                    

Zawgi
မိုင် S2-25(ဇာတ်သိမ်းပိုင်း)
______________________

နွေးထွေးလွန်းလက်ဖဝါးလေးကြောင့်အံသြစွာကြည့်မိတော့အမေဖြစ်နေသည်။

" ဟမ် ! အ အမေ ! လှုပ် လှုပ်ရှားသွားနိုင်ပြီလား ! "

ကျွန်မစကားကြောင့်အကုန်လုံးကလှည့်ကြည့်လာကြသည်။အမေကဝှီးချဲပေါ်မှာထိုင်ရင်းကျွန်မလက်ကိုလာကိုင်ကာပြုံးပြနေသည်။ဝမ်းသာလွန်းလို့မျက်ရည်ပါကျရသည်။

" အမေ ! "

ကိုကိုလည်းအမေ့ရှေ့မှာဒူးထောက်ကာအံသြလွန်းလို့စကားတွေပြောမထွက်ဖြစ်နေသည်။

" အမေပြန်ပြန်ကောင်းသွားပြီလားဟင် "

ကိုကိုရဲ့အထေ့အငေါ့စကားကိုအမေကပြုံးစွာပြန်ဖြေသည်။

" ဟုတ်တယ်အမေပြန်လှုပ်ရှားလို့ရပြီ စောနကလေသမီးမိုင်အန္တရယ်ဖြစ်တော့မှာမြင်လိုက်ရတုန်းက အမေအရမ်းစိုးရိမ်ပြီးသမီးမိုင်ဆီလာဖို့ကြိုးစားနေရင်းကအမေ့အကြောတွေပြန်လှုပ်ရှားလို့ရသွားတာ "

" ဝမ်းသာလိုက်တာအမေရယ် "

ကိုကိုနဲ့နွယ်မှာကလေးတွေကိုသူတို့အမေကိုဖက်ထားလိုက်သည်။

" လာပါအုန်းမိုင် "

အမေကကျွန်မကိုခေါ်တော့ကျွန်မလန့်သွားသည်။အမေကသူ့ကိုခုထိမကြည်ဖြူသေးဘူးထင်တယ်။

" ဟုတ်ဟုတ် "

အမေ့ရှေ့မဒူးထောက်ထိုင်လိုက်တော့အမေကကျွန်မကိုဖက်လိုက်သည်။

" ကျေးဇူးတင်ပါတယ်သမီးရယ် အမေလေသမီးကိုပြောခဲ့တာတွေတွက်တောင်းပန်ပါတယ် တကယ်တော့အမေလူရွေးမမှားခဲ့ပါဘူး သားချမ်းနဲ့အထိုက်တန်ဆုံးကသမီးမိုင်တစ်ယေက်ထဲပါဘဲ "

အမေ့စကားကြောင့်ဝမ်းသာလွန်းလို့မျက်ရည်တွေထိန်းမရတော့ပေ။အမေကသူနဲ့ကိုကိုကိုယ့်သဘောတူပြီမဟုတ်လား။ဒီထက်ပျော်စရာဘယ်မှာရှိနိုင်ပါအုန်းမလဲ။

" ကျေးဇူးတင်ပါတယ်အမေရယ် "

ကိုကိုနဲ့ကျွန်မလည်းအမေ့ကိုတင်းနေအောင်ပြန်ဖက်ထားလိုက်သည်။ကိုကိုကကျွန်မလက်ကိုဆုတ်ကိုင်ထားသည်။

မိုင်(Mile) Section2Where stories live. Discover now