2

165 35 13
                                    

SHANHAI , CHINA
7:00 AM , Moring !

မနက် ၇:၀၀ မှာဂျဲနို နိုးလာခဲ့သည် ။ ရေမိုးချိုးပြီးတာနဲ့မနေ့ကအင်္ကျီသာပြန်ဝတ်ခဲ့ရင်း အနီးနားရှိ Mall တစ်ခုခုမှာ suit ဝယ်ရမည် ။

သူအနောက်တိုင်း suit ဝတ်ထားလျှင် မာမီသဘောအရမ်းကျသည် ။
မင်းသားလေးလို့လဲခေါ်တက်သေးသည်။

မနက်စာကိုတော့ဟိုတယ်လ်ကနေစားလာတာကြောင့် Mall တွင်တော့အင်္ကျီအတွက်ပဲရှာရတော့မည် ။

နေရာစုံကြည့်နေရင်းမှ ဆိုင်တစ်ဆိုင်တွင်တော့ အနက်ရောင် Suit ကိုသူတွေ့ခဲ့သည် ။ သူဝတ်နေကျ Saint Laurent တံဆိပ်ဖြစ်တာကြောင့်လဲရွေးလိုက်ခြင်းဖြစ်တယ် ။

ကိစ္စအဝဝ ပြီးတဲ့အခါတွင်တော့ မနေ့ကကောင်လေးရေးပေးလိုက်တဲ့လိပ်စာအတိုင်း သူလာခဲ့သည် ။

ဆင်ခြေပုံးရပ်ကွက်ဖြစ်ပြီး တိုက်တန်းလျားတွေဖြစ်သည် ။ အဝေးကနေလှမ်းကြည့်တဲ့အခါ တိုက်အောက်မှာ စတုဒီသာပုံစံမျိုးကျွေးနေတာကိုကြည့်လျှင်နာရေးရှိမှန်းသိသာပါသည် ။

အနီးနားကိုလျှောက်သွားတဲ့အခါ စားနေတဲ့သူတွေရော ထိုနားကဝိုင်းကူနေတဲ့ရပ်ကွက်ထဲကလူအချို့ကပါ သူ့ကိုကြည့်နေကြသည် ။

တကယ်တမ်းလဲ ဆင်းရဲသားနေရာကို သူဌေးသားလာသလိုမျိုး ဖြစ်နေတာကိုး ။

အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ခန့်ညားတဲ့ရုပ်ရည်တို့ကမိန်းခလေးတွေတင်မက ယောင်္ကျားလေးအချင်းချင်းတောင်အားကျရလောက်သည် ။

သူရောက်လာတာနဲ့ အိမ်ထဲကနေရမ်ကျွင့်ထွက်လာသည် ။

"ဂျောင်ဂျဲနိုရောက်လာပြီပဲ အိမ်ထဲကိုကြွပါ"

ကိုယ့်အမေရဲ့ဇာပန မှာသူစိမ်းလိုဖြစ်နေတဲ့ခံစားချက်ကြီးကဆိုးလိုက်တာ ။ ဒါပေမယ့်လဲဒါသူ့နေရာမှမဟုတ်တာ ဆိုးလ်မှာဆိုရင်တော့ဒါမျိုးမခံစားရလောက်ဘူး ဟူ၍ ဂျဲနို တွေးလိုက်၏။

ရမ်ကျွင့်အရှေ့ကသွားသည်နှင့်အနောက်ကနေသာသူလိုက်ခဲ့လိုက်သည် ။

အထဲကိုရောက်တော့လူအနဲငယ်သာရှိသည် အနီးနားကလူတွေထင်ပါ့ ။

One Of Us! [NoRen]Where stories live. Discover now