5

190 39 20
                                    

Unicode



ဆိုင်ရဲ့အဲကွန်းကကောင်းလွန်းတာလား
သူကပဲအေးနေတာလားတော့မသိ ရမ်ကျွင့်တစ်ယောက်ချမ်းနေလေပြီ ။

"ဒီနေ့တွေ့ချင်တာက ရမ်ကျွင့်ကို ကျွန်တော်သိချင်တာလေးတွေမေးချင်တာပါ"

"ဟုတ်ကဲ့ ပြောပါ"

ခန်းနားတဲ့စားသောက်ဆိုင်ထဲသီးသန့်ဝိုင်းတွေရယ် ဝိုင်ခွက်နဲ့ classic ဂီတတွေရယ်က ရမ်ကျွင့်ကိုအနေကျုံ့စေသည်

"မာမီကသူ့ဘဝကိုဘယ်လိုမျိုးဖြတ်သန်းခဲ့လဲ?"

ဒီအချက်ကတော့ဂျဲနိုတကယ်သိချင်တဲ့အချက်ပင် ။

"အန်တီကအေးချမ်းတယ် အင်း...တခါတရံ သူကအပင်တွေစိုက်ရတာဝါသနာပါတော့ အပင်လေးတွေစိုက်နေတက်တယ်
ဖွားဖွားချက်တဲ့စွတ်ပြုတ်တွေကိုလဲသူအရမ်းကြိုက်တယ် တချို့ရက်တွေ ငါစားဖို့တောင်မကျန်ဘူး ဟားဟား ! အန်တီကဆံပင်တွေလဲခဏခဏညှပ်တယ် သူကဆံပင်ရှည်ထားရတာ မကြိုက်ဘူးတဲ့ အမှန်တိုင်းပြောရရင် အန်တီရောက်လာတာ ငါ့အတွက်တော့ အမေရသလိုပါပဲ ဂျောင်ဂျဲနို ရှေ့မှာပြောရတာ နဲနဲတော့အနေခက်ပင်မယ့် အန်တီ့ကိုအမေလိုပဲငါချစ်တယ်"

"အန်တီကသူ့မှာ မိသားစုတွေရှိသေးမှန်းငါတို့ကိုတကယ်ပြောမပြထားဘူး လွန်ခဲ့တဲ့လကမှ ဂျောင်ဂျဲနိုရဲ့ဖုန်းနံပါတ်ကို ပေးထားတာ အဲ့တုံးကဆို အတွေးတွေအရမ်းများခဲ့တာ ဆက်သင့်လား မဆက်သင့်လားလို့လေ တော်ကြာ ငါဆက်လိုက်မှပိုရှုပ်ကုန်ရင်ဆိုတာမျိုးလဲရှိသေးတော့ ချီတုံချတုံဖြစ်နေပြီးမှ ဆက်သင့်တယ်ထင်လို့ ခေါ်လိုက်တာ"

"တကယ်တမ်းတော့ ငါတောင်းပန်ချင်တယ် ပိုက်ဆံသာပိုတက်နိုင်ခဲ့ရင် ငါတို့သေချာပေါက် အန်တီ့ကိုလက်လွှတ်ရမှာမဟုတ်ဘူး"

ပါးပေါ်လိမ့်ဆင်းလာတဲ့ မျက်ရည်တစ်စကိုရမ်ကျွင့်အမြန်ဖိသုတ်လိုက်တယ် ။

"တောင်းပန်စရာမလိုပါဘူး ရမ်ကျွင့်အမှားမှမရှိတာ"

ဒီလိုနှစ်သိမ့်ဖူးတာ သူ့အတွက်ရမ်ကျွင့်ကပထမဆုံးဖြစ်သည် ။

"တခါတလေငါတကယ်ကိုရှက်ပါတယ် အန်တီ့သားရှိပါရက်နဲ့ ငါမသိခဲ့ဘူး ပြီးတော့ အခုလဲ ဂျောင်ဂျဲနိုကမငိုရပဲ ငါကငိုနေတာ နဲနဲလွန်တယ်မထင်ဘူးလား?"

One Of Us! [NoRen]Where stories live. Discover now