3

164 33 25
                                    

Seoul , South Korea
Gangnam Gu .

အိမ်ပြန်ရောက်တော့ဒယ်ဒီရှိနေပါသည် ။ အလုပ်ခန်းထဲတွင်ထုံးစံအတိုင်း အလုပ်များနေပြန်သည် ။

တံခါးကိုအသာခေါက်တော့

"ဝင်ခဲ့!"

သူခရီးသွားမှန်းတောင်ဒယ်ဒီသိရဲ့လားလေ ။

"ဒီနေ့အတန်းမရှိဘူးလား ဂျဲနို"

"ပိတ်ရက်လေ ဒယ်ဒီ"

Keyboard တွင်ပြေးလွှားနေတဲ့ဒယ်ဒီ့လက်များခဏရပ်သွားပြီး လက်တွင်ပတ်ထားသောနာရီအားဒယ်ဒီကြည့်လိုက်သည် ။

"ဟုတ်သားပဲ"

"ဒယ်ဒီအချိန်ရလား?"

"အင်း.. လုပ်စရာတွေတော့ကျန်သေးတယ် ဘာလို့လဲ ဂျဲနို?"

"ကျွန်တော်ဒယ်ဒီနဲ့စကားပြောချင်လို့ ဒယ်ဒီအားမှပါ"

အထူးတစ်လည်သူနဲ့စကားပြောချင်နေသော ဂျဲနိုအားကြည့်လိုက်ရင်း ပီတိဖြစ်မိသည် ။

သူနဲ့အချိန်မပေးဖြစ်တာ ဘယ်နှစ်နှစ်ရှိနေပြီလဲ သားအဖနှစ်ယောက်အတူသွားအတူစားချင်သော်လည်း လူကြီးလေးဂျဲနိုကလမ်းမဖွင့်သောကြောင့် အဖေဖြစ်သူကတောင်းဆိုတာတောင် မအားဘူးပြောကာငြင်းလေ့ရှိသည် ။

"၅ မိနစ်ပဲစောင့် ဒယ်ဒီလာခဲ့မယ်"

ခေါင်းငြိမ့်ရင်း အလုပ်ခန်းထဲမှ သူထွက်ခဲ့သည် ။
Kitchen ထဲကိုဝင်လိုက်သည်နှင့် ဝိုင်ခွက်နှစ်ခွက်ထုတ်ကာ ဒယ်ဒီကြိုက်တက်သော Screaming Eagle တစ်ပုလင်းအားဆွဲယူကာဖောက်လိုက်သည် ။

၅ မိနစ်ကြာမှာတော့ ဒယ်ဒီက Kitchen ထဲရောက်လို့လာပြီဖြစ်တယ် ။
အင်္ကျီလက်ကိုခေါက်တင်လိုက်တဲ့ဒယ်ဒီဟာ သားတစ်ယောက်ရှိသောအဖေဆိုတာယုံချင်စရာတော့မရှိ ။

အရပ်ရှည်ရှည်ဒေါင်ကောင်းကောင်းနဲ့ချောမောသောရုပ်ရည်တို့ဟာ တခါတလေ သားအဖနှစ်ယောက်ရှိနေလျှင် မသိသူများဟာ ညီအစ်ကိုလို့ထင်တက်ကြသည် ။

အသားဖြူဖြူတို့ဟာလဲဒယ်ဒီ့ဆီကအမွေရထားတာဖြစ်ပေမည် ။ သို့ပင်မယ့်သူ့မှာဒယ်ဒီ့လိုပါးချိုင့်တော့မရှိ ။

One Of Us! [NoRen]Tempat cerita menjadi hidup. Temukan sekarang