8

216 29 6
                                    

UNICODE

ညို့မိုင်းမိုင်းကောင်းကင်ကြောင့် မကြာခင်တော့ မိုးကောင်းကောင်းရွာတော့မယ်ဆိုတာ ရမ်ကျွင့်သိသည် ။
ဘက်စ်ကားပေါ်မှာ နားဂျပ်လေးတပ်လို့ မှန်ကနေတစ်ဆင့် အပြင်ကိုကြည့်နေပင်မယ့်လဲ ချင်းရွှယ် ပြောလိုက်တဲ့စကားတွေကြောင့် သူ့ရဲ့အတွေးတွေဟာ လုံးလုံးမျှမပျောက်ကွယ်သေး ။

Bartender အလုပ်လုပ်တဲ့တစ်ယောက်ကပြန်ရောက်နေပြီဖြစ်တာကြောင့် ရမ်ကျွင့် ကအရင်ကလိုစားပွဲထိုးလေးပဲ ။
နားနေချိန်မှာထိုင်နားနေတုံး ဘေးနားကိုရောက်လာတဲ့ ချင်းရွှယ် ကြောင့် နဲ့ , လူပါးတာကတစ်ကြောင်း နှစ်ယောက်သားစကားအနည်းငယ်ပြောကြမိကြသည် ။ အကြောင်းကား , ချင်းရွှယ် တစ်ယောက် ကောင်လေးအသစ်ရသည့်ကိစ္စဖြစ်သည် ။

ထွေထွေထူးထူး မဟုတ်ပင်မယ့် အံ့ဩသွားရသည်က , ချင်းရွှယ် ပြောတဲ့အထဲ ဟိုတနေ့က ဒေးဗစ်ဆိုတဲ့အနုပညာရှင်မှာရက်ရက်စက်စက်အသတ်ခံရတယ်ဆိုတဲ့အကြောင်းပါပဲ ။

ဒေးဗစ် ဆိုတာတခြားတော့မဟုတ် ဟိုးတခါက ရမ်ကျွင့်ကိုပြဿနာရှာပြီး ထိုးသွားတဲ့သူ ။

ဘက်စ်ကားပေါ် ၌ထိုအရာကိုသာတွေးနေမိရင်းဒီလောက်တိုးတက်တဲ့သူတို့နိုင်ငံက နာမည်ကျော်အနုပညာရှင်တစ်ယောက်အသတ်ခံရတာတောင်မဖော်ထုတ်နိုင်ဘူးဆိုတော့....

ရမ်ကျွင့် မစဉ်းစားချင်တော့ပါ ။ မဟုတ်ပါစေနဲ့လို့ပဲ ရေရွတ်ရင်း အတွေးတွေကို မိုးရေစက်တွေနဲ့အတူ ရောသွန်းပစ်လိုက်တယ် ။
အိမ်ပြန်လမ်းဟာ ခြောက်ကပ်ကပ်... လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ကအတိုင်းပဲ , ဘဝကြီးထဲမှာဘယ်သူမှမရှိသလို ဘာအတွက်မှလဲတွယ်ညိနေစရာမရှိပါ ။

အနီးနားကလူတွေကလွဲလို့ ကျန်တာမသိခဲ့တဲ့ နေ့ရက်တွေက ၁၀ နှစ်ကျော်တဲ့လေ ။ ဘယ်သူတွေကသိမှာလဲ ရမ်ကျွင့် ဆိုတဲ့သူ့ရဲ့ပုံရိပ်အစစ်တွေကို ။
သူကိုယ်တိုင်တောင်မသိချင်ခဲ့တာ တခြားသူတွေသိစေဖို့လဲ ကြိုးစားမနေတော့ပါဘူး ။

အိမ်ကိုပြန်ရောက်တော့ ရမ်ကျွင့် ရဲ့မှိုင်တွေတွေမျက်နှာထပ် အပြုံးတစ်ခုကနေရာယူလို့သွားသည် ။ အကြောင်းမှာတော့ အိမ်ရှေ့၌ရပ်နေတဲ့ ဇိမ်ခံကား အနက်ရောင်တစ်စီးကြောင့် ။

One Of Us! [NoRen]जहाँ कहानियाँ रहती हैं। अभी खोजें