4

169 37 24
                                    

Unicode

"ဖွားဖွား သားအလုပ်သွားအုံးမယ် စားဖို့လဲချက်ပေးထားခဲ့တယ်နော်"

သူတို့နေရာကနေ ၅ မှတ်တိုင်လောက်စီးလျှင် သူ့အလုပ်ရှိရာသို့ရောက်သည် ။
အလုပ်ကတခြားတော့မဟုတ် Restaurant တစ်ခုတွင်စားပွဲထိုးဖြစ်သည် ။

ဒါပြီးရင်တော့ သူ Convenience Store မှာ cashier ထိုင်ရမည်ဖြစ်သည် ။
တစ်နေ့ကို အလုပ် ၄ ခုလောက်တော့ပုံမှန်လုပ်သည် ။

အဖွားနဲ့နေရတဲ့ဘဝဆိုတော့ သူမရှာလျှင်အဆင်မပြေနိုင်ပါ ။

သူ့အလုပ်ရှိရာသို့ရောက်တဲ့အခါ မန်နေဂျာအကိုကအပြင်ထွက်လို့ဆေးလိပ်သောက်နေသည် ။

"အာ ရမ်ကျွင့်ဒီနေ့စောတယ်နော်"

"ဟုတ်တယ် Kun ကော"

"နာရေးရှိနေတာ အေးဆေးမှလာလဲရပါတယ်ကွ! ကောပြောပေးထားလို့ရတာပဲကို"

"ရပါတယ် ကောရဲ့"

ဒီနေ့မှပင် ဧည့်သည်တွေကအလာများသည် ။ တစ်ဝိုင်းပြီးတစ်ဝိုင်းလူမပြတ်တာကြောင့် ထိုင်ဖို့နေနေသာသာ ချွေးသုတ်ချိန်တောင်မရ ။

"ရမ်ကျွင့် table 5 ကခေါ်နေတယ်"

"အိုခေ!"

စားပွဲထိုးအချင်းချင်း တစ်ယောက်တစ်ယောက်နဲ့နားလည်မှု့ယူထားကြသည်မှာတော့ တခါတလေ မဟန်နိုင်တော့ရင်အစားထိုးလုပ်ပေးဖို့ဖြစ်သည် ။

အခုလဲ ယမ်ယမ် ကပင်ပန်းနေတာသိသောကြောင့် သူကပဲသွားလိုက်တာဖြစ်သည် ။

အလုပ်ပြီးသည်နှင့် အကုန်လုံးပင်ပန်းနေကြပြီ ။

"ရမ်ကျွင့်ရော့! ဒီနေ့အတွက်မုန့်ဖိုး သူဌေးကပေးလိုက်တာ"

kun ကော ပေးသော စာအိတ်ကိုဆုတ်ကိုင်ရင်းပျော်မိသည်မှာတော့ အမှန်ပင် ။
အလုပ်လုပ်၍ရလာသောပိုက်ဆံတို့ကို
ရမ်ကျွင့်မြတ်နိုးသည် ။

"ရမ်ကျွင့်လေး!"

"ဘာလဲ? ဘာမှမရဘူးနော်ဖွားဖွားအတွက်ဆေးဝယ်ပေးရအုံးမှာ"

"အောင်မာ! ငါကလဲငါ့အတွက်ပြောနေတာမဟုတ်ပါဘူးနော် မင်းပင်ပန်းနေတာမကြည့်ရက်လို့ နားရအောင်တိုက်တွန်းနေတာ"

One Of Us! [NoRen]Where stories live. Discover now