Introduction

473 24 4
                                    

Unicode **

ယင်းဟွားဆန်း ဟူသည့် တောင်တန်းသည် နာမည်နှင့်လိုက်အောင်ပင် ချယ်ရီပန်းပင်တို့ ဝေဝေဆာဆာဖူးပွင့်ရင်းဖြင့် တောင်တန်း တစ်ခုလုံးကို မြိုင်ဆိုင်စွာ ဖုံးလွှမ်း အုံ့မှိုင်းနေသည်။

ယင်းဟွားဆန်းသည် သာမာန်တောင်ထိပ်တောင်တန်းတစ်ခုမဟုတ်ပဲ ချီစွမ်းအင်တို့ အသိပ်သည်းဆုံး တောင်ထွပ်တစ်ခုဖြစ်သည့်အပြင် ကျင့်ကြံရေးလောကထဲ၌ အကောင်းဆုံးသော ထိပ်သီးဂိုဏ်းကြီးတစ်ခုပင်။

သုံးနှစ်တစ်ကြိမ်သာ ယင်းဟွားဆန်း၏ ခန့်မှန်းမရနိုင်သည့် ခက်ခဲသော ဝင်ခွင့်ပုံစံဖြင့် အရည်အချင်း စစ်ချပြီးမှသာ ပြည့်မှီသူများကို ဂိုဏ်းအဖွဲ့ဝင်အသစ် အဖြစ် လက်ခံသည်။

ယင်းဟွားဆန်း တစ်ခုလုံးအား ကျင့်ကြံသူ အကြီးအကဲသုံးဦးတို့က စီမံခန့်ခွဲသည့်အနက် တောင်သခင် ခေါင်းဆောင် အရှင် ဇီလင် မှာ စိတ်စွမ်းအင်အမြင့်မားဆုံးဖြစ်လေသည်။

အရှင်ဇီလင် ကြောင့် ယင်းဟွားဆန်းမှ ကျင့်ကြံသူဆိုလျှင် လူတိုင်း လေးစားအားကျရသည် အထိ အရှင်ဇီလင်နှင့်တပါတည်း ယင်းဟွားဆန်း၏ ဂုဏ်သတင်းက မွှေးပျံ့ပြီး အရှိန်အဝါကြီးမြတ်ပေ၏။

ဂုဏ်သတင်းမွှေးပျံ့သလို စည်းကမ်းတင်းကြပ်သည်မှာလည်း ထိတ်လန့်ဖွယ်ပင်။ ယင်းဟွားဆန်း၏ စည်းကမ်းဖောက်ဖျက်သောသူသည် တောင်မှ နှင်ချခံရမည့်အပြင် ကျင့်ကြံခဲ့သမျှ စိတ်စွမ်းအင်တို့လည်း တစ်ပါတည်း ဖျက်ဆီးခံရပေမည်ဖြစ်သည်။ ကျင့်ကြံသူတို့၏ အဓိကသွေးကြောမှာ စိတ်စွမ်းအင်သာ ဖြစ်လေရာ ၎င်းက အိမ်မက်ဆိုး တစ်ခု လို။ ထို့ကြောင့် ယင်းဟွားဆန်း မှ ကျင့်ကြံသူဆိုလျှင် လူအများ လေးစားကြသည်မှာလည်း မဆန်းတော့ပြီ။

ယင်းဟွားဆန်းတွင် အဆင့်သုံးဆင့်ထပ်ရှိပြီး သုံးနှစ်တကြိမ်ဝင်ခွင့်အောင်မြင်သော ဂိုဏ်းအဖွဲ့ဝင် အသစ်တို့က တတိယအဆင့်နေရာတွင်သာ နေကြရသည်။ ထိုဂိုဏ်းအဖွဲ့ဝင် အသစ်တို့ထဲမှ တစ်နှစ်လျှင်တစ်ကြိမ် ပညာဖလှယ်ပွဲကျင်းပပြီးနောက်မှ ယင်းဟွားဆန်း၏ တရားဝင်တပည့် ဖြစ်လာ၏။

YUN : A tale of YingHua Mountain Where stories live. Discover now