VOL-1 Chapter 3

81 10 4
                                    

Unicode **

အပိုင်း ၃ [ အစပြုခဲ့သောသံယောဇဉ် ]

ဉာဏအသင်္ချေထဲ၌ အရှင်ဇီလင် တစ်ယောက်တည်းသာ ရှိနေလေရာ..။ လက်ထဲမှ ဝါညစ်နေပြီဖြစ်သော ဆွေးမြေ့နေပြီဖြစ်သည့် စာအုပ်အား လက်ကောက်ဝတ်တစ်ချက်လှုပ်ယမ်းလိုက်ကာ ပြာလဲ့သောရောင်ခြည်လှိုင်းတို့ဖြင့် လွမ်းခြုံလိုက်ပြီး အစဖျောက်လိုက်လေတော့သည်။ ပြီးနောက် အရှင်ဇီလင်မှာ သူ၏ပကတိတည်ငြိမ်သော မျက်နှာထားဖြင့် ဉာဏအသင်္ချေ မှ ပြန်ထွက်လာပြီး ယင်းဟိုင်သို့ ထွက်ခွာသွားတော့လေသည်။

ယန်နန်းဆောင်ခန်းမထဲမှ စားပွဲဝိုင်းတွင် အရှင်ဇီလင် တစ်ကိုယ်တည်းသာ ထိုင်နေသော်လည်း သူ၏ အတွေးအာရုံတို့မှာ ပျံ့နှံ့နေ၏။

ပုံမှန်ဆိုလျှင် ဟုန်ဟိုင်ကွမ်းလိမှာ ချက်ချင်းအစွမ်းပြမည်ဖြစ်သော်လည်း သွေးနက်ဇာမဏိကြောင့် သန္ဓေပြောင်းလဲသွားခြင်း ဖြစ်ရာ ယခုအချိန်၌ ချိပ်ပိတ်ကာ ပုန်းကွယ်နေသော်လည်း တစ်နေ့တစ်ချိန်တွင် ဧကန်မုချ အစွမ်းပြမည် ဖြစ်သောကြောင့် မလိုလားအပ်သည့် အရှုပ်တော်ပုံတို့ မဖြစ်စေရန်အတွက် ဦးစွာ ချေမှုန်းပစ်ရပေမည်။

ရန်သူအိပ်ပျော်နေချိန်၌ လက်ဦးကာ အလစ်ဝင်တိုက်ခိုက်ခြင်းနည်းလမ်း။

ဆိုလိုသည်မှာ သာမာန်လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် အလိုအလျောက် ချိပ်ပိတ်ကာ ပုန်းကွယ်နေသော ဟုန်ဟိုင်ကွမ်းလိသည် ၎င်း၏စင်စစ်အစွမ်းအဆ မပြသေးခင်တွင် ထိုခန္ဓာကိုယ်ပိုင်ရှင်အား သတ်ပစ်ရမည်ဖြစ်၏။

သို့မှသာ ချိပ်ပိတ်ထားသော ဟုန်ဟိုင်ကွမ်းလိ အား အပြီးအတိုင်နှိမ်နင်းနိုင်မည်ဖြစ်ပြီး ေနာင်နှစ်ပေါင်းများစွာတွင် နောက်ထပ်တစ်ဖန် တစ်ကျော့ပြန်လည် အသက်မဝင်လာတော့မည့်အပြင် လောကထဲတွင်လည်း ဤဟုန်ဟိုင်ကွမ်းလိ ကြောင့် ပျက်စီးဆုံးရှုံးရမည့် အသက်ပေါင်းများစွာကိုလည်း ကယ်တင်ပြီးသားဖြစ်မည်။

ဤသည်မှာ မြှားတစ်စင်းနှင့် ငှက်နှစ်ကောင်အား ထိထိမိမိပစ်လိုက်နိုင်ခြင်းပင်။

စိတ်ထဲမှ ဟုန်ဟိုင်ကွမ်းလိ၏ ခန္ဓာကိုယ်ပိုင်ရှင်လေးအား ပြန်မြင်ယောင်လာပြီး ထိုကလေးငယ်မှာ မဆီမဆိုင်ပါပဲ သူ့လက်ထဲတွင် ဇီဝိန်ချုပ်ငြိမ်းတော့မည်ဖြစ်သော်လည်း ပကတိတည်ငြိမ်အေးစက်စွာ တွေဝေခြင်းအလျှင်းမရှိပဲ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ယမ်းလိုက်သည်နှင့် သူ၏ လက်နက်ဖြစ်သော နက်ပြာရောင်အဆင်းဖြင့် ထျန်းဟယ် က လက်ခနဲ။

YUN : A tale of YingHua Mountain Where stories live. Discover now