VOL-1 Chapter 4

87 9 5
                                    

Unicode **

အပိုင်း ၄ [ အောက်မေ့စေသောအတိတ်အချိန် ]

တလောကလုံး မျှော်လင့်စောင့်စားနေကြသည့် ကျင့်ကြံခြင်းထိပ်သီးဂိုဏ်းကြီးလေးခု၏ အထက်မှ ယင်းဟွားဆန်း၏ သုံးနှစ်လျှင်တစ်ကြိမ် ဂိုဏ်းအဖွဲ့ဝင်အသစ် စစ်ဆေးလက်ခံခြင်း အချိန်သို့ တစ်ဖန်ပြန်ရောက်ရှိလာခဲ့ပြီ။ ထိုသတင်းမှာ လောကတစ်ခွင်သို့ ပျံ့နှံ့လျက်ရှိရာ ပေဖန်းမှ ယွင် က အိမ်နီးချင်း ဖြစ်သော ဦးလေးလျိုအား ပြောသည်။

"ကျွန်တော် ယင်းဟွားဆန်းကို သွားမလို့"

တစ်ကောင်ကြွက် မိဘမဲ့ ယွင် အား စောင့်ရှောက်လာခဲ့သော ဦးလေးလျိုက ယွင် ၏ မိသားစုဝင်တစ်ယောက်လိုပင်။

"မဖြစ်ဘူး..ပေဖန်းနဲ့ ယင်းဟွားဆန်းက အရမ်းဝေးလွန်းတယ်..ပြီးတော့ လမ်းခရီးမှာ မထင်မှတ်တဲ့ အန္တရာယ်တွေလည်း အများကြီးပဲ..နက်နဲရှုပ်ထွေးလွန်းတဲ့ ကျင့်ကြံရေးလောကထဲကို မဝင်ချင်စမ်းနဲ့..အခန့်မသင့်ရင် သတိတစ်ချက်လွတ်တာနဲ့ အသက်ပါသေသွားနိုင်တယ်"

"ဟုတ်"

ဦးလေးလျိုက လက်မခံသောကြောင့် ယွင် ငြိမ်သက်ကာ ထပ်မပြောတော့ပေ။

သို့သော်လည်း..။

နေရောင်ပျောက်ပြီးတဖြည်းဖြည်း ညနက်လာပြီးနောက် သန်းခေါင်ယံကျော်လွန်ပြီး နှင့် မိုးသောက်အရုဏ်ဦးမရောက်ခင် စပ်ကြားအချိန်တွင် ယွင် သည် တဲအိမ်လေးထဲမှ ခြေသံတိတ်ထွက်လာကာ နှစ်အိမ်ကျော်၊ သုံးအိမ်ခန့်အကွာမှ ဦးလေးလျို၏ တံခါးဝရှေ့တွင် သူထွက်သွားပြီဖြစ်ကြောင်း စာတစ်စောင်ထားခဲ့လိုက်တော့သည်။

"ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီမလို့ပါ..တောင်းပန်ပါတယ် ဦးလေးလျို"

သို့နှင့် ယွင် တစ်ယောက် သူ၏ တစ်ကိုယ်ရည်စာအသုံးအဆောင်တို့နှင့် အဝတ်အနည်းငယ်တို့ကို ထုပ်ပိုးသယ်ယူပြီးနောက် လ၏မှိန်သဲ့သဲ့အလင်းကို အားထား၍ ယင်းဟွားဆန်းသို့ ဦးတည်ပါတော့၏။

လမ်းခရီးတစ်လျှောက် သူသယ်ယူလာသော နှမ်းကပ်၊မြေပဲ ရိက္ခာခြောက်တို့အပြင် တောထဲမှအသီးဝလံတို့နှင့် တသွင်သွင်စီးဆင်းသည့် စိမ့်စမ်းရေကြည်ကို အမှီသဟဲပြုရင်း နားတစ်လှည့်၊ လှမ်းတစ်လှည့်ဖြင့် ဆယ်ရက်ကျော်
ခန့်ကြာမြင့်ခဲ့လေပြီဖြစ်သည်။

YUN : A tale of YingHua Mountain Where stories live. Discover now