VOL-1 Chapter 6

82 5 3
                                    

Unicode **

အပိုင်း ၆ [ ယင်းဟွားဆန်းသို့ရောက်ရှိခြင်း ]

အုပ်အုပ်ကြပ်ကြပ်လူထုကြီးသည် စိတ်လှုပ်ရှားစွာ အာကာပြင်အပိုင်းခြားလွှာထဲ တစ်စုတစ်ဝေးတည်းရှိနေကြသည်။

မော့လျန်က လူအုပ်ကြီးထဲမှ တစ်နေရာကို လှမ်းကြည့်လိုက်ပြီး နံဘေးမှ ယွင်အား တံတောင်တွတ်ကာ နှစ်ယောက်တည်းကြားနိုင်မည့်လေသံဖြင့် တိုးတိုးတိတ်တိတ်လှမ်းပြောလေ၏။

"ဟိုကိုလှမ်းကြည့်လိုက်..တွေ့လား..အလှလေးနှစ်ယောက်..ငါတို့နဲ့ အသက်ရွယ်တူလောက်ပဲကွ"

မော့လျန်ညွှန်ပြသောနေရာသို့ ယွင် အကြည့်ပို့မိသော် ကောင်မလေးနှစ်ယောက် မှာ လူအုပ်ကြီးထဲတွင် သူတို့နည်းတူ ယင်းဟွားဆန်း၏ဝင်ခွင့်အရည်အချင်းစစ် လာရောက်ဖြေဆိုခြင်းပင်ဖြစ်မည်။

"သာမာန်ပါပဲ"

မော့လျန်က ယွင်၏လက်မောင်းကို ဖတ်ခနဲထိုးလိုက်ပြီး ငတုံးဟူသော အကြည့်နှင့်ကြည့်လေသည်။

"မင်းရဲ့အမြင်ကိုနည်းနည်း အဆင့်မြင့်လိုက်ဦး ညီနောင်..ဒီလိုပြစ်ချက်ကင်းတဲ့အလှလေးကိုတောင် သာမာန်လို့ပဲမြင်တယ်ဆိုတော့လေ"

မော့လျန်က မျက်နှာပြောင်ပြီး စနောက်ကာပြောနေသည်ကို အသာရယ်ပြီးနောက် ယွင် ထိုမိန်းကလေးနှစ်ယောက်ကို တဖန်ပြန်ကြည့်မိသည်။ စောနက ဖြတ်ခနဲကြည့်မိလိုက်သဖြင့် သာမာန်ရုပ်ရည်ဟု ထင်ရသော်လည်း သေသေချာချာကြည့်မှ တစိမ့်စိမ့်နှင့်လှပသော အလှမျိုး။ ငေးလေ၊ လှလေ ပါပေ။ ယွင် သည် ထိုမိန်းကလေးနှစ်ယောက်ကို ဘာရယ်မဟုတ်၊ ဒီတ်ိုင်းလေး ရိုးရိုးသားသားသာ ငေးကြည့်မိခြင်း။

"အားလုံးအာရုံစိုက်ကြ..ဝင်ခွင့်ဖြေဆိုခြင်းစတော့မယ်!"

စင်မြင့်ထက်မှ အရှင်ဇီလင်၏ အေးစက်စက်အသံက အာကာပြင်အပိုင်းခြားလွှာထဲ လျပ်တပြတ် ဝင်ရောက်လာသည်။ သာမာန်ထက်ပို၍ တည်ငြိမ်အေးစက်နေသော အသံနေအသံထားကြောင့် အကြီးအကဲချမ့်ဟွားနှင့်ယန်မင်တို့ တစ်ယောက်ကိုတစ်ယောက် အမေးမျက်လုံးအကြည့်တို့ဖြင့် အချင်းချင်းလှည့်ကြည့်သည်။ သူတို့၏ အစ်ကိုကြီးဇီလင်သည် လူအုပ်ထဲသို့ ကြည့်နေရာမှ ရုတ်တရက်ကြီး ထိုသို့ဆိုလာလေရာ..။

YUN : A tale of YingHua Mountain Where stories live. Discover now