VOL-1 Chapter 1

212 12 2
                                    

Unicode **

VOL-1 [ အရှင်ဇီလင်၏ တစိုးတဆပြောင်းလဲလာခြင်းနှင့် သူ၏ပထမဦးဆုံးသော တပည့်ရင်းဖြစ်လာသူ ယွင် ]

အပိုင်း ၁ [ ဟုန်ဟိုင်ကွမ်းလိ ]

ချယ်ရီပင်တို့အုပ်ဆိုင်းလွှမ်းမိုးထားသည့် ကြီးမြတ်သော တောင်သခင် အရှင်ဇီလင် ၏ သီးသန့် ဗိမ္မာန်တော် ယင်းဟိုင်မှ ယန်နန်းဆောင်ခန်းမ ထဲတွင်ဖြစ်သည်။

ယင်းဟွားဆန်း၏ ခေါင်းဆောင်အကြီးအကဲ တွေမှလွဲ၍ သာမာန်ဂိုဏ်းသားတို့ ဝင်ရောက်ခွင့်မရှိသောနေရာ။

ဓားပျံစီးလာသော အကြီးအကဲနှစ်ယောက်က ယင်းဟိုင်ရှေ့တွင်ရပ်တန့်လိုက်၏။

"အကိုကြီးရေ..ငါတို့ရောက်ပြီ"

သွက်သွက်လက်လက်ရှိပုံရသည့် အကြီးအကဲခေါင်းဆောင် သုံးယောက်ထဲမှ အငယ်ဆုံးဖြစ်သော အကြီးအကဲ ယန်မင် က ဓားပျံပေါ်မှ မဆင်းခင် ကတည်းက အသံက အရင်ဆုံး ယင်းဟိုင် သို့ရောက်လေနေပြီ။

သူ၏ ပုလွေကို လက်တစ်ဖက်ထဲမှာ လှည့်ပတ်ရင်း အစိမ်းဖျော့ရောင် ဝတ်ရုံနှင့်လျှောက်လှမ်းကာ အငြိမ်မနေသေးပဲ ပုလွေကို မြှောက်လိုက်ပြီး ယင်းဟိုင် အဝင်ဝ လမ်းတစ်လျှောက်မှ ချယ်ရီပန်းပင်တို့အား အသာ ရိုက်ချလိုက်ရာ ပန်းလွလွချယ်ရီပွင့်တို့က ကြွေကျလာတော့သည်။

"ယန်မင်..မင်းက အကြီးအကဲ တစ်ယောက်နော်..ငြိမ်ငြိမ်နေစမ်းပါ"

လက်နှစ်ဖက်နောက်ပစ်ပြီး ခေါင်းမော့ရင်ကော့ကာ ဟိတ်ဟန်အပြည့်နှင့် အကြီးအကဲချမ့်ဟွား က အလိုမကျသလိုမျက်မှောင်ကုတ်ရင်း ပြောသည်။

"အိုး..အကိုလတ်ကလည်း..ယင်းဟိုင်ထဲကို ဘယ်ဂိုဏ်းသားမှ လာခွင့်မရှိဘူးလေ"

အကြီးအကဲချမ့်ဟွားက ယန်မင်အပြောကို အလိုမကျသလိုဖြင့် သူ၏ခရမ်းရင့်ရင့်ဝတ်ရုံဖားဖားကြီးကို ဟွန်း ဆိုပြီး ခါယမ်းလိုက်ပြီး လက်နောက်ပစ်ကာ ခေါင်းမော့ချီလျက်ပင်။

သို့နှင့် ဆရာတူညီအစ်ကို နှစ်ယောက် မှာ တောင်သခင် အရှင်ဇီလင်၏ ယန်နန်းဆောင်ခန်းမရှေ့သို့ ရောက်လာခဲ့၏။

YUN : A tale of YingHua Mountain Where stories live. Discover now