VOL-1 Chapter 2

86 11 2
                                    

Unicode **

အပိုင်း ၂ [ ယွင် ]

မြောက်ပိုင်းဒေသ၏ ပေဖန်း ဟု အမည်ရသော သာမာန်လူတို့နေထိုင်ရာ ကျေးရွာစုငယ်လေးတစ်ခုတွင်ဖြစ်သည်။

"ယွင်(Yun) သားငယ်ရေ..ဒီကလေး ဘယ်ရောက်နေတာလဲ"

သက်လတ်ပိုင်းအရွယ်ခန့်အမျိုးသမီးတစ်ယောက်က တဲအိမ်အပြင်ဘက်ထွက်ပြီး လှမ်းခေါ်သည်။

"ခစ်ခစ်"

ရယ်သံကြောင့် အသံကြားရာ မော့ကြည့်လိုက်သော် သူမ၏ ရင်နှစ်သည်းချာသားငယ်က အသီးလိုင်လိုင် သီးပွင့်နေကြသော လိုက်ချီးသီး၏အပင်ခွကြားတွင် ပုန်းနေလေ၏။

"မားမားကို စနောက်ရတာ ပျော်နေတယ်ပေါ့လေ..လာ..ဆင်းလာခဲ့ သားငယ်ရဲ့..အောက်ပြုတ်ကျဦးမယ်"

သူမ၏စကားကို နားထောင်စွာ ယွင် က လိုက်ချီးသီးအပင်ခွကြားမှ ဖြည်းဖြည်းချင်း သစ်ပင်အောက်သို့ ဆင်းလာသည်။

မိခင်ဆီသို့ တခစ်ခစ်ရယ်မောရင်း ခြေထောက်အား ပွေ့ဖက်သည်။ ယွင် မှာ ကလေးသာသာအရပ်ဖြစ်သောကြောင့် မိခင်ဖြစ်သူခြေထောက်၏ ပေါင် အမြင့်လောက်သာ အရပ်မှီ၏။

ကလေးငယ် ယွင် ၏အသက်မှာ ၁၁ နှစ်ခန့်သာ ရှိဦးမည်။

"မားမား သားဗိုက်ဆာပြီ"

မိခင်ဖြစ်သူမှာ ယွင် အားပွေ့ချီလိုက်ပြီး ပါးဖောင်းဖောင်းတစ်ထက်ကို မွှေးကြူးလိုက်ရင်း ချစ်မြတ်နိုးစွာ ရယ်ရင်း။

ထင်းကိုသာအသုံးပြုပြီး မီးမွေးထားသော မီးပုံအောက်မှ ပြာမှုန့်တွေကြား မှ မွှေးပျံ့လာသော ပြောင်းဖူးအနံ့မှာ နှာခေါင်းထဲတိုးဝင်လာသောအခါ ယွင် ၏ မကျဉ်းမကျယ် မျက်လုံးမှေးလေးထဲမှ မျက်ဆံအညိုဖျော့ဖျော့ဟာ လက်ခနဲ။

"နေဦး..ပူနေသေးတယ်..ရှောင်ယွင် ရဲ့..အပူလောင်ကုန်မှာပေါ့"

"အဟီး"

ယွင် ဟီးခနဲ ရယ်ပြလိုက်သည်မှာ ဖြူစင်လွန်းစွာ။

ခဏကြာသော် ယွင်၏မိခင်က ပြာပုံကြားထဲမှ မီးညှပ်ဖြင့် ညှပ်ယူလိုက်သော ပြောင်းဖူးနှစ်ဖူး။ အပြင်ဘက်မှ မည်းနက်ပြီးတူးနေပြီဖြစ်သော အခွံအား ခြစ်ထုတ်ပြီးနောက် အတွင်းထဲမှ ဝင်းအိနေသော ပြောင်းဖူးသားမှာ နူးညံ့ကာ ချို၏။

YUN : A tale of YingHua Mountain Where stories live. Discover now