Chapter-2 (Zawgyi)

222 6 1
                                    

Food that is just beautiful,kisses the citron

“ Grab bite orderပါ။ ထမင်း၊ Cheese အသားလုံးသုပ်​တစ်​ပွဲ၊ အာလူး​ကြော်​တစ်​ပွဲ၊ ဂုံး​ကောင်​စပါကတီတစ်​ပွဲကို ငရုတ်​သီးအနှစ်​နဲ့ “

“ Grab bite?”

Orderကိုကြားလိုက်​တာနဲ့တစ်ပြိုင်​နက်​ Chef Euaက မီးဖို​ချောင်​ထဲက​နေ​ပြေးထွက်​လာသည်။

“ ပို့​ပေးမယ့်​သူကဘယ်​သူလဲ။ ​ရောက်​လာပြီလား “

Nunaကအ​မောတ​ကောနဲ့​ပြေးထွက်​လာတဲ့စားဖိုမှူးကိုကြည့်​ပြီး ပြန်​​ဖြေလိုက်​သည်။

“အခု​လေးတင်​မှOrderတက်​လာတာ။ ပို့​ပေးမယ့်​သူကမ​ရောက်​လာ​သေးဘူး “

“ဒီအတိုင်း ပို့​ပေးမယ့်​သူကိုတစ်​​ယောက်​တည်း​ရွေးထားလိုက်​လို့မရဘူးလား။ ဥပမာ​ပြောရရင်​ Grab Appက​နေ Orderတက်​လာရင်​ အဲ့ဒီလူတစ်​​ယောက်​တည်းဆီကိုပဲဝင်​ပြီး အဲ့ဒီလူပဲလိုက်​ပို့​ပေးရတာမျိုး​လေ “

“အဲ့ဒီလို​ရွေးလို့မရပါဘူး Chef..။ ဒီ​တော့လက်​လျားလက်​လျား​လျှောက်​သွား​နေတာကိုရပ်​ပြီး မီးဖို​ချောင်​ထဲပဲပြန်​ဝင်​ပါ​တော့”

Nunaက စားဖိုမှူး​လေးကို မီးဖို​ချောင်​ထဲအတင်းတွန်းထည့်​ပြီး တံခါးကိုပြန်​ပိတ်​လိုက်​သည်။ ပြီး​တော့ဘာမှမဖြစ်​ခဲ့သလိုပဲဆက်​ပြီး​ Ord​erတွေကိုလက်​ခံ​နေလိုက်သည်။ ဒီလိုမျိုးဖြစ်​​နေတာကို သူ့ဘက်​ကအသားကျ​နေပြီးပြီ​လေ။ အ​ကြောင်းရင်းက​တော့ Nunaက Euaကို သူနာမည်​ကြီးဟင်းချက်​သင်​တန်း​ကျောင်းက​နေ လက်​မှတ်​မရခင်​ကတည်းက သိလာခဲ့တာကိုး။ သူမန်​​နေဂျာအဖြစ်​နဲ့အလုပ်​လုပ်​​နေတဲ့ဆိုင်​မှာ အဲ့ဒီ​ကောင်​​လေးက အလုပ်​လာ​လျှောက်​ခဲ့တာ​လေ။ အဲ့ဒီလိုသာမန်​အလုပ်​သမားဘဝက​နေ ဒီအထိကိုအ​ရောက်​လာခဲ့ရတဲ့ Euaရဲ့ခရီးလမ်းက​ချော​မွေ့မ​နေဘူးဆိုတာကို​တော့ သူနဲ့အချိန်​အ​တော်​ကြာသိလာခဲ့တဲ့Nunaကအသိဆုံးပဲ။ တစ်​​ယောက်​​ယောက်​ကသာ ဒီ​ကောင်​​လေးရဲ့အ​ကြောင်းကိုသိချင်တယ်​ဆိုရင်​ ချက်​ချင်းOnline​ပေါ်မှာရှာကြည့်​လိုက်​။ ပုံ​တွေ၊ စာ​တွေ၊ သတင်း​တွေချက်ချင်းကျလာလိမ့်​မယ်​။

Grab a bite (Myanmar Translation)Where stories live. Discover now