Chapter-11 (Unicode)

74 10 0
                                    

Season-2 has begun

“ရေး မီးပွင့်ပြီ ”Lekက 'AEK'လို့ရေးထားတဲ့LEDဘုတ်ပြားအကြီးကြီးကိုမြှောက်ပြလိုက်သည်။ “Chef Euaရဲ့နောက်လိုက်လုပ်ရတာကလည်း ဟင်းချက်ရတာတင်မဟုတ်ဘူး။LEDဘုတ်ပြားပါလုပ်နေရတယ် "

“စကားများလိုက်တာ။ ”EuaကLekရဲ့​ခေါင်းကိုလက်သီးနဲ့ထုလိုက်သည်။ "ဒီကိုလာကြည့် ”

အမြဲတမ်းပြုံးနေတတ်တဲ့Lekက မီးခလုတ်ကိုဖွင့်လိုက်ပြီး တလျှောက်လုံးအနားကနေကူညီပေးခဲ့တဲ့Ouiက လက်နှစ်ချောင်းထောင်ပြပြီးဂုဏ်ယူမှုအပြည့်နဲ့ပြောလိုက်သည်။ “လှတယ်မလား။အစောကတည်းကလှတယ်လို့ပြောသားပဲ။ “

Chef Euaကချက်ချင်းခေါင်းယမ်းလိုက်သည်။ သူ့ပုံစံကမီးဖိုချောင်ထဲမှာအဆင့်မမှီတဲ့အစားအသောက်ကိုမြည်းလိုက်ရသလိုပဲ။
“ဒီလိုအရေးကြီးတာကိုဘယ်လိုများကျန်ခဲ့ရတာလဲ။ Aekနာမည်ဘေးမှာအသည်းပုံအနီရောင်အကြီးကြီးပါသင့်တာလေ။အဲ့ဒီအသည်းပုံက ပြိုင်ပွဲတလျှောက်လုံး သူနဲ့အတူရှိနေတဲ့Chef Euaရဲ့နှလုံးသားကိုကိုယ်စားပြုတာလေ။ “

ဘုတ်ပြားကိုဖြတ်နေတဲ့Lekနဲ့ Ouiတို့နှစိယောက်လုံးကြက်သီးတွေထသွားသလိုဟန်ဆောင်လိုက်ကြသည်။ ဒီနေ့ကဘုတ်ပြားတင်မဟုတ်ဘဲ မိန်းကလေးလေးယောက်ဖြစ်တဲ့ Nuna၊Namwan၊Jibနဲ့Chompooတို့ကလည်း ရောင်စုံအားကစားပြိုင်ပွဲလို ပန်းပွားတွေကိုလည်းပြင်ဆင်လာသေးရဲ့။ စားသောက်ဆိုင်ကအဖွဲ့ဝင်တွေတစ်ယောက်ချင်းစီကို Euaဂုဏ်ယူမှုအပြည့်နဲ့ကြည့်လိုက်သည်။ဒီထဲမှာ Aekကိုမချစ်တဲ့လူလို့တစ်ယောက်မှမရှိဘူးပဲ။ အကုန်လုံးက Chef Euaရဲ့ပထမဆုံးသောကျောင်းသားပြိုင်ပွဲဝင်မဲ့နေ့ကိုမျှော်လင့်နေပြီး အားပေးနေကြလေရဲ့။ဒီကောင်လေးကိုတစ်ဆိုင်လုံးကချစ်ခင်ကြတာပါလား။

လာမဲ့စနေနေ့ကဆိုင်ပိတ်ရက်ဖြစ်တဲ့အကြောင်း Euaကကြေညာထားပြီးသွားပြီ။ Aekကိုအားပေးဖို့အတွက်ဆိုင်ကလူတွေအကုန်လုံးကိုခေါ်သွားရမယ်လေ။ ဒီလူတွေအကုန်လုံးကပြိုင်ပွဲဝင်တွေကိုအားပေးလို့ရတဲ့အပြင် ရလဒ်ကိုပါစောင့်သွားလို့ရတယ်လေ။

Euaဆိုင်ရှေ့ကိုထွက်လာပြီး Aekကိုစာပို့လိုက်သည်။

[သုံးရက်ပဲကျန်တော့တယ်။Aek ဒီမှာလာလေ့ကျင့်ဦးမလား။နောက်ထပ်ဟင်းပွဲအသစ်တွေလုပ်ထားတာကောင်းမယ်ထင်တယ်။ ]

Grab a bite (Myanmar Translation)Where stories live. Discover now