Chapter-15 (Unicode)

84 7 0
                                    

Chef Eua’s Fearsome Rival

Pro Chefလူရွေးပွဲ​တွင်ဝတ်ဖို့အတွက် Eveဝတ်စုံအသစ်တစ်စုံထပ်မှာလိုက်ပြီး ဝတ်စုံအသစ်ကိုဝတ်ထားရင်းမှန်ထဲပြန်ကြည့်လိုက်သည်။မှန်ထဲမှာပေါ်နေတဲ့အမျိုးသမီးက အနီရောင်စားဖိုမှူးအင်္ကျီကိုဝတ်ထားပြီး အနက်ရောင်ခါးစည်းနဲ့ဘောင်းဘီကိုပါတွဲဝတ်ထားရင်း ကိုယ်နဲ့အလိုက်ဖက်ဆုံးပုံစံကိုလုပ်လိုက်သည်။ ပြိုင်ပွဲဝင်ဖို့အတွက်သူလုံးဝအဆင်သင့်ဖြစ်နေပြီ။ပြိုင်ပွဲကျရင်ပြိင်ဘက်ကိုဘယ်လိုအနိုင်ပိုင်းရမလဲဆိုတာသိဖို့အတွက်အချက်အလက်နည်းနည်းပဲလိုတော့တာ။

“သိလာပြီလား” Eveကအခန်းထဲဝင်လာတဲ့မန်နေဂျာကိုမေးလိုက်သည်။ “သူဘယ်သူ့ကိုခန့်လိုက်တာတဲ့လဲ”

Koiကခေါင်းယမ်းလိုက်သည်။ "စုံစမ်းကြည့်ရသလောက်တော့ Chef Euaဘယ်သူ့ကိုခန့်လိုက်သလဲအဖြေရှာမရဘူး။နာမည်ကြီးတဲ့အကြံပေးတွေအားလုံးကိုမေးကြည့်ခဲ့ပေမဲ့ သူတို့တွေအကုန်လုံးကငြင်းလိုက်တယ်။ Chef Euaအနားမှာရောက်လာတဲ့လူဆိုလို့ သူကိုယ်တိုင်သင်ပေး​နေတဲ့တပည့်တစ်ယောက်ပဲရှိတယ်။အဲ့ဒီတစ်ယောက်လုပ်ပေးနေတာများလား"

“တပည့်တဲ့လား” Eveမျက်လုံးပြူးသွားရသည်။

အမျိုးသမီးမန်နေဂျာကခေါင်းညိတ်လိုက်သညိ။  “ဟုတ်တယ် Chef Mewကပြော​ပြလိုက်တာ။ Chef Mewကိုထပ်မေးကြည့်တော့ Chef Euaကထိုင်းဟင်းတွေချက်တတ်တဲ့ကောင်လေးကိုတပည့်အနေနဲ့ခေါ်ထားတယ်တဲ့။ ဒီလိူနဲ့ဆက်စပ်ပြီးတွေးမိတာ Chef Euaကအကြံပေးတွေခေါ်တာမဟုတ်ဘဲ အဲ့ဒီကောင်လေးပြောတာပဲလုပ်တာနေမှာ။ “

“Euaရဲ့တပည့်တဲ့လား။အဲ့ဒီကောင်​လေးကဒီလောက်ကြီးထိတော်လို့လား ”Eveကစဥ်းစာ်းလိုက်သည်။

“အဲ့ဒါတင်မဟုတ်သေးဘူး။Chef Masterကထုတ်လုပ်သူ P’Jam နေ့လည်ကစာပို့တယ်” Koiကဖုန်းကိုဖွင့်ပြီး Chef Eveကိုပြလိုက်သည်။“Chef Euaကပထမဆုံးလူရွေးပွဲတုန်းက အဲ့ဒီကျောင်းသားကိုလာအားပေးခဲ့တယ်တဲ့။ ”

“Chef Euaကသူ့ကိုယ်ပိုင်ကျောင်းသားကိုပြိုင်ပွဲဝင်ပြိုင်ခိုင်းတယ်တဲ့လား။စိတ်ဝင်စားစရာပဲ။အင်း သူဘာအတွေးနဲ့ဒီလိုလုပ်လဲတော့မသိပေမဲ့ပေါ့။ ” Eveကဆံပင်ရှည်ကိုလက်နဲ့သပ်လိုက်သည်။ “အဲ့ဒီကလေးကဘယ်သူလဲဆိုတာကိုလိုက်စုံစမ်းကြည့်။တစ်ခုခုရှာတွေ့ခဲ့ရင် ချက်ချင်းပြော အဲ့ဒီတစ်ခုခုက Chef Euaကို Pro Chefမှာအာရုံလွတ်အောင်လုပ်လိုက်နိုင်တယ်။ “

Grab a bite (Myanmar Translation)Where stories live. Discover now