Chapter-18(Zawgyi)

16 0 0
                                    

First Team Tournament of Aek

နောက်ဆုံးပြိုင်ခဲ့တဲ့ပါဝင်ပစ္စည်းအမျိုးနှစ်ဆယ်က ထိုင်းဟင်းတွေကိုအဓိကချက်တတ်တဲ့လူတွေကိုတောက်ပစေခဲ့သည်။Aekရဲ့ဟင်းပွဲဆို အကောင်းဆုံးဟင်းပွဲအနေနဲ့တောင်မှတ်တမ်းဝင်ခဲ့သေးတာမလား။နောက်တစ်ဆင့်ကတော့ အဖွဲ့လိုက်ပြိုင်ပွဲဖြစ်ပြီး ရိုက်ကူးမဲ့နေရာကတော့ သူတို့တွေနေနေရတဲ့ဟိုတယ်ရဲ့အပြင်ဘက်ခြမ်းဖြစ်သည်။ အကောင်းဆုံးဟင်းပွဲပိုင်ရှင်Aekကအစိမ်းရောင်အသင်းကိုဦးဆောင်ရပြီး ဒုတိယအကောင်းဆုံးဟင်းပွဲပိုင်ရှင်Phopကအနီရောင့်သင်းကိုဦးဆောင်ရသည်။နှစ်သင်းလုံးကအထူးဧည့်သည်တွေအတွက်ဟင်းပွဲတစ်ပွဲကိုပုံဖော်ချက်ရမှာဖြစ်ပြီး အမည်မသိသေးတဲ့ဧည့်သည်တော်တွေက ဘယ်အသင်းကပိုတော်လဲဆိုတာကိုအဆုံးအဖြတ်ပေးမှာဖြစ်သည်။

ဒါပေမဲ့လည်း Aekကတော့ ဧည့်သည်တွေကဘယ်သူလဲဆိုတာကိုသိပြီးနေပြီ။Chef Euaကအကုန်ပြောပြထားတာကိုး။

"အသင်းတစ်သင်းစီကအဓိကဟင်းလျာအတွက် ပရိုတိန်းဓာတ်ပါတာကိုရွေးရမယ်။ပြီးရင်အချိုပွဲပြင်ရမယ်။ အထူးဧည့်သည်အယောက်နှစ်ဆယ်ကိုတည်ခင်းဖို့အတွက် အကောင်းဆုံးဟင်းပွဲဖန်တီးရှင်Aekကိုအရင်ရွေးခိုင်းလိုက်ပါ့မယ်။"

အစီအစဉ်တင်ဆက်သူက Aekကိုကြည့်ပြီးပြုံးပြလိုက်သည်။ "Aekကအကောင်းဆုံးဟင်းပွဲပိုင်ရှင်ဖြစ်ခဲ့တာဆိုတော့ ပါဝင်ပစ္စည်းတွေကိုအရင်ရွေးရမယ်နော်။"

အသင်းရဲ့ခေါင်းဆောင်ဖြစ်တဲ့Aekဟာ ပရိုတိန်းဓာတ်ပါတာတွေကိုပဲရွေးမယ်လို့အသေအချာစိတ်ပိုင်းဖြတ်ပြီးသားပဲ။ စားပွဲကိုအုပ်ထားတဲ့အဝတ်စကိုဖယ်လိုက်ချိန်မှာ Aek ဘေးချင်းကပ်ရှိနေတဲ့ ကမာကောင်အကြီးကြီးနဲ့ မြစ်ပုစွန်ကိုတွေ့လိုက်ရသည်။ Chef Euaသင်ပေးထားတဲ့အတွေ့အကြုံနဲ့ပဲ အရှေ့မှာရှိနေတဲ့ပါဝင်ပစ္စည်းနှစ်မျိုးလုံးကိုAekကတော့မကြောက်မိဘူး။မြစ်ပုစွန်တွေက Chef Euaနဲ့သူနဲ့အတူသွားစားခဲ့တဲ့Chef Mewရဲ့ဖက်ထိုင်းကိုသတိရစေပြီး ကမာကောင်ကတော့ Euaနဲ့နှစ်ယောက်တည်းအတူရှိနေခဲ့တဲ့ညကိုပြန်သတိရစေသည်။ Euaရဲ့ဟင်းပွဲအပြင်အဆင်ကလှလှပပရှိနေတာကိုလည်းသူအခုထိမှတ်မိနေတုန်းပဲ။ Euaလုပ်ပေးခဲ့တဲ့ကမာကောင်ဆော့စ်အရသာကလည်းလျှာပေါ်မှာစွဲကျန်ရစ်နေသည်။ အရသာရှိတယ်လို့ပြောလိုက်ချိန်မှာ ပျော်သွားတဲ့Euaရဲ့ပုံရိပ်နဲ့ပျော်ပျော်ရွှင်ရွှင်သံစဉ်ညဉ်းနေတဲ့အသံကိုလည်းမှတ်မိနေတုန်းပဲ။

Grab a bite (Myanmar Translation)Where stories live. Discover now