Chapter-10 (Unicode)

87 11 0
                                    

Immortal Phoenix bird

“Chef Premကဒီရက်ပိုင်းတွေမှာဆိုင်​ရှေ့ကို ခဏခဏပေါ်လာတယ်။ထူးထူးခြားခြား နေ့လည်နှစ်နာရီကနေကိုးနာရီအချိန်ဆိုရောက်ရောက်လာတာ။" ဖျော်ရည်ပိုင်းတာဝန်ယူထားရတဲ့Jibက စာအုပ်ဖတ်နေတဲ့Nunaကိုပြောလိုက်သည်။ 

“ဘယ်မှာလဲ ဒီနေ့တော့ Chef Premကိုမတွေ့ပါ့လား ” Nunaကဆိုင်ထဲကိုလှည့်ပတ်ကြည့်ရင်းပြောလိုက်သည်။

“P'Nunaရယ် ဘယ်လိုဖြစ်ပြီးတော့မမြင်ရတာလဲ။Chef Premကသူရှာတဲ့လူရှိမရှိစစ်ကြည့်ပြီးချက်ချင်းပြန်ဝင်သွားလို့များလား။ အစောကလေးတင် ကိတ်မုန့်တွေကိုကောင်တာထဲထည့်သွားတာလေ။ ”Jibရဲ့မျက်နှာမှာကြောက်လန့်နေတဲ့ပုံရိပ်ကအထင်းသားပေါ်လာခဲ့သည်။“မျက်လုံးကန်းနေတာလား ”

“အိုကေ Jib နင်တကယ်ကြီးတွေ့တာလား ငါကတော့ကြက်သီးထနေပြီ။ “

“ Chef Premကိုတစ်ယောက်တည်းမြင်နေရတာဆိုရင်တော့ တကယ်ကြောက်လာပြီနော်”

“ဘာမြင်တာလဲ”

အေးတိအေးစက်အသံကအနောက်ကနေထွက်လာတဲ့အခါ ကောင်မလေးနှစ်ယောက်လည်းအလန့်တကြားနဲ့ပြိုင်တူအော်လိုက်မိကြသည်။ ကံကောင်းထောက်မစွာနဲ့ ဆိုင်ထဲမှာဧည့်သည်တစ်ယောက်မှရှိမနေခဲ့ဘူး။ Jibက ကိတ်မုန့်ကောင်တာနောက်မှာရပ်နေတဲ့အသံပိုင်ရှင်ကိုကြည့်လိုက်သည်။

"ဘုရားရေ"

Jibကရင်ဘတ်ကိုလက်နဲ့သပ်ရင်း နှလုံးအခုန်မြန်နေတာကိုနှေးသွားအောင်လုပ်လိုက်သည်။

“ဟင်… ဘာမှမဟုတ်ဘုး Chef Prem ကိတ်တွေထပ်ထည့်စရာရှိသေးလား။မီးပိတ်လိုက်တော့မယ်နော်။“Nunaက ကိတ်ကောင်တာကိုလက်ညှိုးထိုးပြရင်းပြောလိုက်သည်။

“မထည့်တော့ဘူး” Premကကောင်တာနားလမ်းလျှောက်နေရင်း အရှေ့တံခါးနားမတ်တပ်ရပ်ပြီး Jibပြောသလိုတစ်စုံတစ်ယောက်ကိုရှာနေတဲ့ပုံစံနဲ့ဟိုဟိုဒီဒီကြည့်နေသည်။ အချိန်ခဏအတွင်းမှာပဲစားဖိုမှူးကခါးစည်းကိုဖြုတ်လိုက်ရင်း ပုခုံးပေါ်ပစ်တင်လိုက်ပြီးတဲ့နောက်မှာ သူအလုပ်လုပ်တဲ့အခန်းထဲကိုပြန်ဝင်သွားသည်။Nunaကတော့ သက်ပြင်းချမိသလိုစိတ်သက်သာရာရမိသည်။

Grab a bite (Myanmar Translation)Where stories live. Discover now