အပိုင်း ၄၂ ခရမ်းရောင်ကျောပြင် မိုးကြိုးကင်းခြေများ

756 141 0
                                    

[Zawgyi]

တခြားလူတွေနဲ့ ဆက်ဆံရေးပိုကောင်းလာအောင် သူတို့ကိုကယ်ဖို့ နေခဲ့ရမယ်တဲ့လား၊ ပေါက်ကရစကားတွေ! ကိုယ့်အသက်ကိုတောင် မနည်းလုပြေးနေရမယ့်အချိန်မှာ တခြားလူတွေကို ဂရုစိုက်နေဖို့ အချိန်မရှိဘူး။ တစ်ယောက်ထက်တစ်ယောက် မြန်မြန်ပြေးနိုင်ဖို့ကသာ အရေးကြီးဆုံးပန်းတိုင်ပဲ။

ပင့်ကူမသည် ဖြည်းဖြည်းချင်း တွားသွားလာခဲ့သည်။ သူမပုံစံကနှေးကွေးပုံပေါ်သော်လည်း တကယ်တမ်း သူမ၏အလျင်မှာ မြန်ဆန်လှသည်။

၎င်း၏ခြေချောင်းများ မြင့်တက်သွားကာ မြေပေါ်သို့ ခပ်ပြင်းပြင်းပြန်ချလိုက်ချိန်တိုင်း လေထဲတွင် မီးခိုးရောင်အရိပ်တစ်ခုသာ ကျန်ခဲ့သည်။

၎င်းအောက်မှကျန်ရှိနေသည့် ကိုယ်ပိုင်သားရဲများကတော့ သူမတိုက်ခိုက်လာသမျှကို ခက်ခက်ခဲခဲရှောင်ရှားနေရသည်။ အချို့ကံမကောင်းကြသည့် ကိုယ်ပိုင်သားရဲများကတော့ ပင့်ကူခြေထောက်များဖြင့် ကိုယ်ကို ထုတ်ချင်းဖောက်ခံရကာ သွေးနှင်းဆီပန်းများပွင့်နေသကဲ့သို့ ကြောက်စရာကောင်းလှသည်။

………

မီးကျီနက်သစ်တောအပြင်ဘက်တွင်တော့ အဝေးမှအစိမ်းရောင်ပုံရိပ်တစ်ခုက ပျံသန်းလာခဲ့သည်။

“မစ်ရှင်က ငါမှန်းထားတာထက် မြန်မြန်ပြီးသွားတာပဲ။” အစိုးရအရာရှိကာ ပြုံးလို့နေသည်။

သို့ပေမည့် သူ့ဘေးမှ စစ်ဦးထုပ်နှင့်လူကတော့ သူနှင့်ဆန့်ကျင်ဘက်အမူအရာမျိုးသာ ဖြစ်နေခဲ့သည်။ ထိုလူက မျက်မှောင်ကို ခပ်တင်းတင်းကြုတ်ကာ ပျံသန်းလာနေသည့် တောင်ပံလေးခုမြစိမ်းရောင်နတ်ဆိုးရှိခိုးကောင်ကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ရုတ်တရက်ဆိုသလိုပဲ တစ်ခုခုကို သတိထားမိသွားကာ အမူအရာရုတ်ချင်းပြောင်းလဲသွားတော့သည်။

သူ့လက်ကို ရှေ့သို့ဆန့်တန်းဝှေ့ရမ်းကာ ခပ်ကျယ်ကျယ်အမိန့်ပေးလိုက်တော့သည်။ “နေရာယူ၊ တိုက်ခိုက်ဖို့အသင့်ပြင်ကြ!”

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Where stories live. Discover now