အပိုင်း၁၄၉

538 82 0
                                    

[Zawgyi]
အပိုင်း၁၄၉

“သေချာတာပေါ့၊ သူမကချစ်ဖို့ကောင်းတဲ့ကလေးမလေးဘဲကို၊ သူကဘာမှမသိဘူး ဆိုတာငါယုံပါတယ်၊” လူအိုကြီးကခေါင်းညိတ်ကာပြောလိုက်ပြီး, ကျန့်ရွှမ်ကိုပြုံးပြကာ “ချစ်ဖို့ကောင်းတဲ့မင်းသမီးလေး, သမီးရဲ့အကိုနဲ့ခဏစကားပြောချင်လို့၊ ဘာလို့အခန်းထဲသို့ပြီး ရေခဲမုန့်မစားတာလဲ? သမီးရဲ့အကိုကစိတ်မဆိုးပါဘူး”

ကျန့်ရှင်းရှင်းရဲ့မျက်နှာကထုံထိုင်းနေပေမယ့်, သူကအလေးအနက်ဖြင့် ပြုံးပြလိုက်ပြီး, “ဟုတ်တယ်, အကိုကြီးကစိတ်မဆိုးပါဘူး၊ လိမ္မာတဲ့ကောင်မလေး, ရွှမ်ရွှမ်”

“ဟုတ်ကဲ့” ကောင်မလေးကပြောလိုက်ပြီး, မပျော်မရွှင်ဖြင့်ခေါင်းညိတ်လိုက်သည်၊ အနီရောင်အင်္ကျီဝတ်ဆင်ထားသောအမျိုးသမီးက သူမကိုအတွင်းသို့ခေါ်သွားသည်၊

“စိတ်လျှော့ပါ၊ မင်းကစည်းကမ်းတွေကိုလိုက်နာတယ်, ကိုယ်တွေကလည်းလိုက်နာတယ်၊” လူအိုကြီးကလက်ဖက်ရည်ကိုမှုတ်လိုက်ပြီး ပြောလိုက်သည်, “ဒါပေမယ့် မင်းက စည်းမျဉ်းတွေကိုမလိုက်နာဘူးဆိုရင်… ဒါဆိုရင်တော့လိုအပ်တဲ့ ဘယ်နည်းလမ်းတွေကိုမဆို သုံးတဲ့အခါငါ့ကိုအဆိုးမဆိုပါနဲ့”

“လိုအပ်တဲ့ ဘယ်နည်းလမ်းမဆို”ဆိုသောစကားသည် ကျန့်ရှင်းရှင်း၏စိတ်ထဲတွင် စွဲထင်နေသည်၊ ၎င်းကသူ၏နားမှ မိုးခြိမ်းသံကိုကြားလိုက်ရသလိုပင်၊

“ကျ…ကျွန်တော်ဘာမှမလုပ်ပါဘူး၊ သူနဲ့ခဏလောက်စကားပြောရုံပါ”

“ဒါကြောင့်ဘဲ မင်းဒီရောက်နေတာမလား၊ ငါ့ကိုပြောလေ” လူအိုကြီးက လက်ဖက်ရည် ခွက်ကိုမြှောက်လိုက်ပြီး တစ်ချိုက်သောက်လိုက်သည်၊ထို့နောက်, သူ့ခေါင်းကိုမော့ကာ, ပြုံးလိုက်ပြီး ,ပြောလိုက်သည်, “ငါ့နာမည်က ကျီဟန့်ဝူ၊ မင်းငါ့အတွက်အလုပ်လုပ်ပေးရင်ဘယ်လိုလဲ?”

“ခင်ဗျား…” ကျန့်ရှင်းရှင်းကအံ့ဩနေတော့သည်၊ သူ၏ကျယ်ပြန့်သော သတင်းအချက်အလက်ကွန်ယက်နှင့် သူ၏အလုပ်၌ကျီဟန့်ဝူကိုမကြားဖူးဘူး ဆိုတာမဖြစ်နိုင်ပေ၊ ဒါပေမယ့် ကျီဟန့်ဝူက သူ့ကိုရွေးချယ်လိမ့်မည်ဟု သူဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး၊ “ကျွန်တော့်ကိုသတ်မှာတော့ မဟုတ်ဘူးမလား?”

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Where stories live. Discover now