အပိုင်း ၅၆ ငါ့မှာရောင်စုံဦးထုပ်ရှိတယ်

666 136 0
                                    

[Zawgyi]

ကောင်းဖန် အိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီး သူ့မျက်နှာကမဲမှောင်နေသည်၊

တာ့ဇီကသူ့သခင်ကိုလစ်လျူရှုကာ အိပ်ခန်းထဲမှတွားသွားထွက်လာပြီးနောက် သူ့ကိုယ်သူ ဆိုဖာအောက်တွင်လုံးထွေးနေတော့သည်၊

“မင်း ခွေးကောင်လေး, အောက်ကနေထွက်ခဲ့စမ်း၊ ပြောစမ်း, အဲ့စကားလုံးတွေဘယ်ကနေသင်လာတာလဲ?” ကောင်းဖန်က တာ့ဇီကို ဆိုဖာအောက်ကနေဆွဲထုတ်လိုက်သည်၊

တာ့ဇီက တုန်လှုပ်နေသည်၊ သူကထိုနေရာမှလှည့်လိုက်ပြီး, သူ့ခေါင်းကိုသူ့ဖင်အောက်၌ဖွက်ကာ ကလေးတစ်ယောက်က အမှားပြုမိသလိုမျိုးပြုလုပ်နေသည်၊

ကောင်းဖန်က တာ့ဇီကိုစနေတာဖြစ်သည်၊ သူကဒါနဲ့ပတ်သတ်ပြီး ဂရုမစိုက်ပေ၊

ပြီးတော့ ဒီသားရဲတွေကအရွယ်ရောက်ပြီးလူတွေလိုမျိုး သိပ်ပြီးဉာဏ်မထက်ပေ, သူတို့ မှာ စွမ်းရည်တွေကို လိမ်လိမ်မာမာနှင့်သင်ယူနေဆဲသာဖြစ်သေးသည်၊ သူတို့ဘယ် အချိန်ဘာသင်ခဲ့တယ်ဆိုတာ မသေချာပေ၊

တာ့ဇီကို နှစ်သိမ့်ပြီးနောက်, ကောင်းဖန်ကလိုအပ်သည့်ပါဝင်ပစ္စည်းများအရ အသစ်ဝယ်လာတဲ့ ငွေရောင်သစ်ရွက်ကိုထုတ်လိုက်ပြီးနောက် တာ့ဇီကိုကြည့်လိုက်သည်၊

တာ့ဇီ ငွေရောင်သစ်ရွက်ကို နှစ်ပတ်ဆက်တိုက်လိုအပ်သည်၊ အခုခြောက်ရက်လောက် စားပြီးနောက်တွင်, နောက်ထပ်၈ရက်အတွက် နောက်ဆုံးအုပ်ချုပ်သူအဆင့်လျှပ်စီး သားရဲသလင်းကျောက်ကိုလိုအပ်သည်၊

ဒါပေမယ့်အုပ်ချုပ်သူအဆင့်လျှပ်စီးသားရဲသလင်းကျောက်သည်ရှားသည်၊ ဈေးကွက်ထဲမှာတော့ ခက်ခက်ခဲခဲရှာဖွေလျှင်ရနိုင်သည်။

ကောင်းပြီ, ဒါကအလွန်အမင်းရှားတာတော့လည်းမဟုတ်ပါဘူး, ဝယ်လိုအားဈေးကွက်ကို အရင်ရှာဖွေရမည်၊ အချိန်တော့ကုန်ပေမည်။

ကောင်းဖန်တွေ့ရှိသည့်ပျမ်းမျှဈေးနှုန်းရှိသည့် အုပ်ချုပ်သူအဆင့်လျှပ်စီးစွမ်းရည် သားရဲ၏သလင်းကျောက်ကသည် ခရက်ဒစ်အမှတ်၃၀၀မှတ်ဖြစ်သည်၊

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Where stories live. Discover now