[Unicode]
အခန်း ၂၆၁ ပထမအင်ပါယာ၏ အုတ်ဂူ"အဖိုး ဘာဖြစ်လို့လဲ" ကောင်းဖန်သည် ပန်းကန်နှင့် တူကိုချကာ မေးလိုက်သည်။
ကျီဟန့်ဝူသည် ကောင်းဖန်ကို အရေးကြီးသော မျက်နှာဖြင့် ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကိုယမ်းကာ "အဖိုးပြန်မလာမချင်း အိမ်မှာနေပြီး စောင့်နေ"
ထို့နောက် ကုတ်အင်္ကျီကို ဝတ်ပြီး ထွက်သွားသည်။
ခဏတွင်းချင်းမှာင် သူသည် စံအိမ်အနောက်ဘက်ရှိ ရေကန်ဆီမှ ရေတဗွမ်းဗွမ်းသံကို ကြားလိုက်ရသည်။ ထို့နောက် အဖြူရောင် နဂါးကြီးသည် ကျီဟန့်ဝူကိုတင်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားသည်။
...
လင့်ထုံခရိုင်၏ ကျေးလက်ဒေသ.. ချန်အန်းမြို့၏ အရှေ့မြောက်ပိုင်းတွင် ဖြစ်သည်။
ပထမကျင်အင်ပါယာ၏ သင်္ချိုင်းသည် လင့်ထုံခရိုင်အနီးတွင် တည်ရှိသည်။ ကပ်ဆိုးကြီးအပြီးနောက်တွင် ပြောင်းလဲမှုတစ်စုံတရာ မရှိခဲ့သောကြောင့် ထိုနေရာကို ဂရုစိုက်သူလည်း မရှိပေ။
လွန်ခဲ့သော ဆယ်ရက်က ပထမကျင်အင်ပါယာ၏ သင်္ချိုင်းသည် ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ နေ့ခင်းပိုင်းတွင်ပင် ကြယ်များပေါ်ပေါက်နေပြီး ထူးခြားသောအလင်းရောင်များသည် ကောင်းကင်မှ ဆင်းသက် ဖြာကျနေသည်။
ညဘက်တွင်လည်း ကြယ်များသည် သွေးပေါက်များကဲ့သို့ ကောင်းကင်မှ တပေါက်ပေါက် ကြွေကျနေသည်။
ချန်အန်းမြို့သည် ထိုထူးခြားသော ဖြစ်စဉ်များကို ပထမနေ့မှစကာ သတိထားမိခဲ့ပြီး ချက်ချင်းပင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် သူတို့သည် ဆယ်မိုင်ပတ်လည်အတွင်းမှာပင် ကျင်အင်ပါယာ၏ သင်္ချိုင်းကို ရှာတွေ့ခဲ့ပြီး ထိုနေရာတွင် ငှက်များ မကောင်းဆိုးဝါးများ ဘာတစ်ခုမှ အရိပ်အယောင် မရှိနေပါချေ။
ချန်အန်းမြို့၏ အစိုးရပိုင်းဌာနများသည် သင့်လျော်သော ဆုံးဖြတ်ချက်ကို ချလိုက်ပြီး လင့်ထုံခရိုင်အနီးမှ ပြည်သူများကို အရေးပေါ်အဖြစ်ရွှေ့ပြောင်းစေလိုက်သည်။
YOU ARE READING
သားရဲလေ့ကျင့်သူ (ဘာသာပြန်)
Fantasyခေါင်းစဉ် - ကောင်းဖန် (ဘာသာပြန်) မူရင်းခေါင်းစဉ် - Monster Pet Evolution အမျိုးအစား - စွန့်စားခန်း၊ စိတ်ကူးယဉ်၊ အတိုက်အခိုက်၊ ကျောင်းသားဘဝ အပိုင်းရေ - ၈၅၃ ပိုင်း မူရင်းရေးသားသူ - Ji ch zu ဘာသာပြန်ဆိုသူ - BlackPearl Translation