6

524 66 0
                                    

{နေသန်..နားလို့ရပါပြီ..6နာရီထိုးပါပြီ....}

"အင်း..မင်းသူ့ကိုကြည့်​ပေးလိုက်"

{ဟုတ်..}

​နေသန် 000000001 ကို​လေ့ကျင့်ပေး​နေတုန်း stamရဲ့ အသံကြား​တော့ spaceက​နေထွက်​လိုက်သည်။ ​အခုရက်ပိုင်း နေသန် အိပ်ချိန်​တွေဆို spaceထဲဝင်ပြီး 1 ကို​လေ့ကျင့်​ပေး​နေတတ်သည်။
Space ကထွက်ပြီး သူမျက်လုံး​တာနဲ့ချက်ချင်း သူ့အစ်မကတံခါးလာ​ခေါက်သည်။

"​ဒေါက်​​..ဒေါက် ရှဗ် ထပြီလား ငါဝင်လာလို့ရမလား"

"အင်း..ထပြီ "

ရှဗ်တံခါးသွားဖွင့်​ပေး​တော့ အယ်ဗလင်းကမျက်နှာဆူပုတ်ပုတ်နဲ့ အထဲဝင်လာ​သည်။

"ရှဗ် နင်​ပြောတာမှန်တယ်...."

"......."

"သူ..သူ တစ်ခြား​ကောင်မ​​လေးတွေနဲ့လည်းတွဲ​နေတယ် သူ​ပြော​တော့ ​...​ကောင်မ​​လေးမရှိဘူးတဲ့ သူငါ့ကိုလက်ခံ​တော့မလိုနဲ့ အခု​တော့.."

"ကျွန်​တော် အစ်မကိုပြစရာရှိ​သေးတယ် ဒီမှာ"

ရှဗ်မီး​လောင်ရာ​လေပင့်ပေးတဲ့အ​နေနဲ့ သူ့အစ်မ မိုက်ခ်ကိုလိုက်​နေတဲ့​တစ်​​လျောက်လုံး မိုက်ခ် တစ်ခြား​ကောင်မ​လေး​တွေနဲ့ တွဲ​နေတဲ့ ပုံ​တွေကိုပြလိုက်သည်။
သူ့အစ်မက ကြည့်ပြီးအံဩ​​နေကာ

"သူဘယ်လိုလုပ်..သူငါ့ကိုမကြိုက်ရင်​တောင် ငါကိုဒီလို​တော့မလုပ်သင့်ဘူ​လေ....ဟင့်..သူပြတ်ပြတ်သားသားငြင်းသင့်တယ် ဟုတ်တယ်မလား..ဟင့်......ဗြဲ.......!!"

ရုတ်တရက်ထငိုကာ သူ့​ပေါ်လာမှီ​သော သူမ​ကြောင့် သူဘာလုပ်ရမလည်း မသိ​တော့ သူမ​ကျောကို ခပ်ဖွဖွပုတ်ကာ ခဏအကြာမှ

"ကဲပါ....ဝမ်းနည်းမ​နေနဲ့ ​လောကမှာ အဲ့​လောက်​တောင်​ပေါတာကြီးကို ​​ကိတ်တဲ့ယောကျာ်း​တွေက"

သူစလိုက်​တော့ သူမက

"ချီး....သူများက တစ်ကယ်ကြိုက်တာကို ​"

"တကယ်​ပြောတာ ကျွန်​တော်ရှာ​ပေးရမလား နင့်နဲ့ကိုက်တဲ့လူကို လမ်း​ဘေးမှာဖြစ်ဖြစ်ရှာ​တွေ့မှာပါ"

"ရှဗ်..နင်..နင် ဗြဲ.... ငါကို​ချော့​နေတာလား ပိုငို​အောင်လုပ်​နေတာလား.."

NATHAN (System)[Uni &Zg]Where stories live. Discover now