.7

519 58 8
                                    

ရှဗ် ​ဒေးဗစ်ဆီဖုန်းဆက်ပြီးတာနဲ့ အတန်းထဲကလူ​တွေကိုရှင်းပြဖို့အားရပါးရမတ်တပ်ရပ်လိုက်ပြီး ​​အသံကျယ်ကြီးနဲ့

"​ဟေး...​ဒေးဗစ်ဖုန်းဆက်ပြီး​ပြောခိုင်းလိုက်တယ် သူကရှက်လို့ထွက်​ပြေးသွားတာမဟုတ်ဘူးတဲ့ သူလုံးဝရှက်မ​နေဘူးတဲ့ ​နောက်တစ်ခါ အဲ့လို​ပြောရင် jakeနဲ့​တွေ့မယ်တဲ့ "

အတန်းထဲကလူလည်းရုတ်ရုတ်သဲသဲဖြစ်သွားသည်။ပန်းကြာဖြူမက အခုနကတည်းက လန့်ပြီးအိမ်ပြန်သွားပြီထင်

"ငါမ​ပြောဘူးလား သူတို့တစ်ကယ်ဖြစ်နိုင်ပါတယ်လို့ "

"​အေး သူ့ကို​ပြောရင် သူ့ဘဲနဲ့​တောင်​တွေ့သွားဦးမယ်တဲ့ "

"အဟိ အရင်ဆုံးသိရတဲ့ ငါတို့ကိုငါတို့ဂုဏ်ယူလိုက်တာ ​နောက်​​​နေ့မှ ဟိုဖက်ခန်းက အပုတ်မ​တွေကိုပြန်ကြွားလိုက်ဦးမယ် ဟီးဟီး "

"မဖြစ်နိုင်တာ သူတို့နှစ်​ယောက်လုံး​တောင့်​တောင့်​ဖြောင့်​ဖြောင့်​တွေကို အခုငါ​လေးကရှသွားတာလား နှစ်​ယောက်လုံးက ငါ့စိတ်ကူးယဥ် သတိုးသား...."

"ယဥ်မ​နေ​တော့နဲ့ နင်ရှသွားပြီ ဆိုတာလက်ခံလိုက် ပြီးရင်ငါ့တို့နဲ့အတူကမ္ဘာသစ်ဆီကို ဦးတည်လာလိုက်ပါ အလကား​နော် ဒါ​ပေမယ့်တစ်ခု​ပြောဦးမယ် အဝင်လမ်းရှိ​ပေမယ့် အထွက်လမ်းမရှိဘူး အင်း...မရှိဘူးဆိုတာထက် လိုလိုလားလားကိုမထွက်ချင်​တော့တာပါ အထင်မလွဲနဲ့"

"​ဟေ့ သူအ​ကြောင်းမ​ဆွေး​နွေး​တော့နဲ့ဆို နင်တို့jakeကိုမ​ကြောက်ဘူးလား "

"..... "

တစ်ခန်းလုံးတိတ်ကုန်သည်။ သူတို့ဘာ​ပြောလည်း​သေချာနားမလည်​ပေမယ့် သူ့အကြံ​အောင်မြင်မှန်းသိပြီး ပီတိဖြစ်​နေသည်

{​နေသန်ဘာလို့လိမ်လိုက်တာလည်း }

'အို ငါလိမ်လိုက်လို့လား ထားပါ jakeက ဒီခန္ဓါကိုယ်ရဲ့​သေခြင်းနဲ့ ဆက်စပ်​နေတယ်​လေ ပန်းကြာဖြူမက သူ့အကူအညီနဲ့ အကြံ​တွေ​အောင်မြင်​နေတာ​လေ ဒါ​ကြောင့် သူ့ကိုတားရမှာ​ပေါ့ ပထမကမ္ဘာမို့လို့ထင်တယ် မစ်ရှင်ကအရမ်းရိုးရှင်းပြီး ဘာမှလုပ်စရာမလိုဘူး ပြီး​တော့ ဘာဘဲဖြစ်ဖြစ် missionအတွက်ဆိုရင် စွန့်လွတ်တတ်ရတယ် နားလည်လား'

NATHAN (System)[Uni &Zg]Where stories live. Discover now