.9

394 47 8
                                    

"ဘာ....!!"

ကြားလိုက်တဲ့စကားတစ်ခွန်းက ရှဗ်ကို အံ့ဩသွား​စေသည်။ ဇတ်​ကြောင်းက​ရှေ့မဆက်လို့အံ့ဩ​နေတာ အဲ့လိုနည်းနဲ့ဆက်လိုက်တယ်​ပေါ့။ ဟိုကြာဖြူမ ပဲလား ဒီတစ်​ခေါက်လည်း

'Stam ငါ့ကို accidentဖြစ်တဲ့​နေရာက ဗီဒီယိုရှာ​​ပေး ပြီးရင်ခဏလာဦး'

[အင်း...လာ​နေပြီ]

မ​တော်တဆ​တော့မဖြစ်နိုင်တာမို့သူစစ်​ဆေးမှရမည်။​ဒေးဗစ်ရဲ့ကားကလည်းသူ့နဲ့မကိုက်တာမို့ Stamကိုသာ​ခေါ်လိုက်သည်။ ပြီး​တော့ဖုန်းထဲကသူ့အစ်မကို​မေးလိုက်သည်

"မင်းအခုဘယ်မှာလည်း...!"

"အခုငါတို့ ​အ​ဖေ့​ဆေးရုံမှာ ဆရာဝန်​တွေကသူ့တို့ကိုအတတ်နိုင်ဆုံးလုပ်​ပေးပါ့မယ်လို့​​တော့​ပြောထားတယ်....ဒါ​​ပေမယ့်"

"ဒါ​ပေမယ့်ဆို​တာမရှိ​စေရဘူး အ​မေတို့အဆင်​ပြေသွားလိမ့်မယ့် အခုငါ့ကို ဖြစ်​ကြောင်းကုန်စင်​ပြောပြ ပြီး​​တော့တိုက်သွားတဲ့ကားကော"

"အ​မေတို့ကုန်တိုက်က​​နေထွက်​တော့ အ​ဖေလာကြိုတာ ပြီး​တော့ကုမ္ပဏီသွားပြီးပြန်လာတဲ့လမ်းမှာ ဖြစ်တာတဲ့ ပြီး​​တော့တိုက်သွားတဲ့ကားကထွက်​ပြေးသွားတယ်တဲ့ အခုအ​မေတို့....ရှဗ် ငါ......ဟင့်.. "

အယ်ဗလင်းလည်း အခုလိုအ​ခြေ​နေမျိုးမကြုံဖူး​သေး​တော့ စိတ်ထိခိုက်နေသည်။ ဒါ​​ပေမယ့်သူလည်းမနှစ်သိမ့်တတ်​တော့ စကားအရှည်ကြီး​ပြောမ​နေ​တော့​ပေ

"အစ်မ​စောင့်​​နေအခုချက်ချင်းငါလာခဲ့မယ် စိတ်မပူနဲ့ အ​မေတို့ဘာမှမဖြစ်​လောက်ပါဘူး ဒါပဲ"

ရှဗ်ဖုန်းချပြီးတာနဲ့ Stamကို​ခေါ်လိုက်သည်။

'မင်းမလာ​သေးဘူးလား'

သူ​ခေါ်​ပေမယ့် ပြန်မထူး​တာ​ကြောင့်လာ​နေပြီးမှန်းသိသွားသည်။ သူ​စောင့်​နေပြီး ခဏလောက်ကြာ​တော့ တစ်ဝုန်းဝုန်းနဲ့ကားသံကျယ်ကြီးကိုကြားလိုက်ရပြီး အသံကတစ်​ဖြေး​ဖြေးနီးလာသည်။ စက္ကန်းပိုင်း​လောက်သာရှိ​သေး ထိုအသံကသူ့​ရှေ့တွင်ရပ်သွားသည်။ ထို့​​နောက်ကား​ပေါ်ကStamဆင်းလာပြီး သူ့အတွက်တံခါးဖွင့်​ပေးကာ

NATHAN (System)[Uni &Zg]Where stories live. Discover now