.10(ZG)

119 6 0
                                    


'What the Fuck...!!!
မင်းဘာပြောလိုက်တယ် ပြန်ပြောလိုက်စမ်း..!!!'

ရှဗ် သူကြားလိုက်တာမှားသွားတာ မဖြစ်နိုင်ပေမယ့် လို့သေချာပြန်မေးလိုက်သည်

[မင်းရဲ့ point1000က တစ်စုံတစ်ယောက်ကြောင့် နှုတ်ခံလိုက်ရပါတယ်။ အခုတော့ TVကိုဖွင့်လိုက်ဦး]

ရှဗ် နားမလည်နိုင်ဖြစ်သွားသည်။ ဘာလို့ ငါ့pointတွေက....မစဉ်းစားတော့ဘဲ Stamပြောတဲ့ အတိုင်းTVကို အမြန်ဖွင့်ကြည့်လိုက်တော့

<ဂျိန်းစ် အိမ်တော်မှ ကျောင်းအုပ်ကြီး ဝီလျံဂျိန်းစ် ၏ တစ်ဦးတည်းသော သမီး မနေ့ညကထူးဆန်းစွာ ပျောက်ကွယ်သွားပြီး ယနေ့မနက် ရထားလမ်းဘေးတွင် အလောင်းကိုပြန်တွေ့ရ>

အဲ့အကြောင်းတွေနဲ့ပတ်သတ်တဲ့ သတင်းတွေက လိုင်းတိုင်းလိုလို ထုတ်လွင့်နေကြသည်။

'What..!!!? သူကဘယ်လိုဖြစ်ပြီးသေသွားတာလည်း ပြီးတော့ ဒါငါ့နဲ့ဘာဆိုင်လို့လည်း သူဟာသူလမ်းဘေးမှာသွားသေနေတဲ့ဟာကို Stam...!!?'

စိတ်တိုတိုဖြစ် အံကြိတ်ကာခေါ်လိုက်သည်။

[စိတ်အေးအေးထားပါ အခုကျွန်တော်....]

'စပလတ် ကို စိတ်အေးအေးထား...!!'

အခုကစိတ်အေးအေးထားရမယ့် အခြေအနေမဟုတ်၊ မင်းရဲ့သားသမီးတွေပျောက်သွားရင် ဘယ်သူကစိတ်အေးနိုင်မှာလည်း သူဆဲလိုက်တော့ Stam ချောင်းဟန့်ကာ ရှင်းပြလိုက်သည်။

[အဟမ်း နားထောင်ပေးပါ ကျွန်တော်သိရသလောက်တော့ သူမက မနေ့ညကဖမ်းခံရပြီး မနက်4:00မှာရောက်လာမယ့် ရထားရဲ့လမ်းမှာ ကြိုးချည်ထားခံရလိုက်တာ သူမချည်ထားခံရတဲ့တစ်လျောက်လုံး မင်းကိုထိမိတဲ့အတွက်နောင်တရတဲ့စိတ်တွေနဲ့ဘဲပြည့်နေတာ သူမကို သတ်တာ မင်းမဟုတ်ပေမယ့် သူမကို သတ်တဲ့လူက မင်းကိုထိလို့သူမကို သတ်ရတာ ဆိုတဲ့အကြောင်းပြောခဲ့လို့ မင်းကြောင့်ဆိုပြီး သက်ဆိုင်သွားတာပါ ]

'ကျစ် အဲ့ကောင်ဘယ်သူလည်း..?

[မင်းသိပါတယ် သူအခုဘယ်မှာရှိလည်းစုံစမ်းပေးရမလား]

'သူပဲလား fuck အငြိမ်ကိုမနေတာ မစုံစမ်းတော့နဲ့'

စဉ်းစားလေလေ စိတ်တိုလာလေလေဖြစ်သည်။ လက်ကဆေးပိုက်က အဆင်မပြေဖြစ်နေတော့ ဆေးပိုက်ကိုဖြုတ်ကာ အောင်ဆင်းလိုက်သည်။ သူအပြင်ထွက်တော့ ဧည့်သည်ခန်းတွင် jakeနှင့် ဒေးဗစ်တို့ သစ်သီးလှီးနေရင်း အလုပ်ရှုတ်နေကြသည်။ ဒေးဗစ်သူ့ကိုတွေ့တော့

NATHAN (System)[Uni &Zg]Where stories live. Discover now