-- 3 --

796 136 56
                                    

#Zawgyi

ကင်ဆော့ဂျင် တို့ပါတီထဲရောက်နေတာအတော်ကိုကြာနေ
ပြီ ဒါမဲ့တွေ့ချင်နေတဲ့လူကိုမတွေ့ရသေးတော့
မျက်နှာကမှုန်ကုတ်နေရော
သူ့ရဲ့ဆူပုတ်နေတဲ့ မျက်နှာကြောင့် သူပါပါးကအံတေကြိတ်ပြီးမျက်လုံးတေပြူးလို့ သတိပေးနေပေမဲ့ ကင်ဆော့ဂျင်
ကတော့ ပြုံးလာမဲ့အရိပ်အယောင်ကိုမရှိ

မွေးနေ့ပွဲကို ဆိုလ်းမြို့ရဲ့အနောက်ဘက်ကတောင်ကုန်း
မှာသီးသန့်တည်ရှိနေတဲ့ ကင်အိမ်တော်ကြီးတွင်ပြုလုပ်
ခြင်းပေ အစားအသောက်တေကိုတော့ ဘူဖေးစနစ်ဖြင့်
ထောင့်ဖက်နားမှာ ခုံတေနဲ့အပြည့်ချထားပေးပြီး
ကြိုက်တာယူစားနိုင်သည် ဧည့်သည်တေထိုင်ဖို့ စားပွဲတေပါ
ချထားပေးတာကြောင့် တခြားပါတီတေလိုမတ်တပ်မတ်တပ်ဖြစ်နေစရာမလို

ကင်အကြီးအကဲနဲ့ သူ့ဖိုးဖိုးတို့်ကရင်းနှီးတဲ့မိတ်ဆွေရင်း
တေဖြစ်တာကြောင့် ဆော့ဂျင်တို့နဲ့မစိမ်းပေ

စားပွဲမှာ ဆူပုတ်ပုတ်နဲ့ထိုင်နေတဲ့ ကင်ဆော့ဂျင်ကို
ပါပါးကင်ကဂုတ်ကနေလာဆွဲကာ မွေးနေ့ဆုတောင်းပေး
ဖို့ဆွဲခေါ်သွားသည်

ဖိုးဖိုးကင်က သူတို့ကိုကြည့်ပြီးစကားပြောကာ
သူ့အစ်ကိုကို ကုမ္ပဏီအကြောင်းတေနဲ့တခြားအကြောင်းအရာတေမေးပြီး စကားပြောနေကြသည် နောက်ဘေးမှငြိမ်ပြီး
ရပ်နေတဲ့သူ့ဘက်ကိုလှည့်ကာ

" ဟမ်း....ဒါလေးက ကင်ဆော့မင်းရဲ့အသည်းကျော်မြေး
လေးမလား ကြည့်စမ်းအရွယ်တောင်အတော်ရောက်လာပြီ
ပဲ အရင်ကမင်းကိုတွေ့တုန်းက လေးဘက်ထောက်အရွယ်
လေးပဲရှိသေးတာ  "

" ဟုတ် ဘိုးဘိုးနေကောင်းတယ်မလား "

" ကောင်းလိုက်မကောင်းလိုက်ပေါ့ကွာ အသက်ကစကား
ပြောလာပြီးကိုး မင်းအဘိုးက ခရီးလွန်နေတယ်ထင်ပ
ရောက်တောင်မလာဘူး "

ဆော့ဂျင်တို့ဖိုးဖိုးက ကုမ္ပဏီတေကိုလွှဲပေးပြီးနောက်
သူ့ဘာသာ မြို့စွန်ကအိမ်တော်ကြီးမှာပြောင်းနေကာ
အပင်တေစိုက်ပြီးအေးအေးချမ်းချမ်းပဲနေတော့သည်
ခရီးတေထွက်ရင်လည်း အကြာကြီးပြန်ကိုမလာတော့တာ

Dear Uncle Joon Where stories live. Discover now