-- 13 --

794 137 65
                                    

#Zawgyi

" FIREEEEEEEE ~~ "

မြည်နေတဲ့ဖုန်းသံကို လျစ်လျူ ရှု ပြီးဆော့ဂျင်စောင်
နဲ့လုံးထွေးပြီးပြန်အိပ်နေသလို ဖုန်းကလည်းအလျှော့မပေး
ပဲတောက်လျှောက်ကိုမြည်နေပါတော့တယ်
အမ်း.....စောစောစီးစီးကိုလိ့တေဖြစ်နေပြီ!!

ခေါ်ချင်သလောက်ခေါ်မကိုင်ဘူး ထုံးကိုမူပြီး
ကင်ဆော့ဂျင်ကအိပ်သလောက် တစ်ဖက်ကဖုန်းဆက်တဲ့
လူကလည်းမကိုင်မချင်းခေါ်မယ်လာမတားနဲ့ ဆိုသလိုကို
Nonstop ခေါ်နေပါတော့တယ်
စောင်ခေါင်းမြီးခြုံပြီး ခေါင်းအုံးနဲ့နားကိုဖိအိပ်လည်း
အသံကကြားနေရတာမို့ ဆော့ဂျင်နောက်ဆုံးတော့
အိပ်ရာဘေးကဖုန်းကိုလိုက်ရှာပြီး ကိုင်လိုက်ရတော့တယ်!!

အရေးကြီးကိစ္စ မဟုတ်လို့ကတော့ ဖုန်းဆက်တဲ့ကောင်
သေမယ်သာမှတ်!!!

" ကျစ်....စောစောစီးစီးကို စောင်လုပ်တေကလာရှုပ်နေပြီ!
ဘာလဲ!!!! "

ကင်ဆော့ဂျင်ရဲ့ ကုန်းအော်တဲ့အသံနဲ့အညီ တစ်ဖက်က
ဖုန်းဆက်သူဂျွန်ဂျောင်ဂုလေးကလည်း အပြိုင်ပြန်အော်ပါ
တယ်

" ဟျောင့် ဟန်ဗျောင်ယော့ဆိုတဲ့ဘဲကြီး ကြွသွားပြီကွ!
TNKကလည်း အခွန်ရှောင်မှု လာဘ်ထိုးမှုနဲ့ စစ်ဆေးရေး
တေဝင်ကုန်ကြပြီ!!! "

" သြော်........ ဘာ! !! "

မှေးနေတဲ့မျက်လုံးတေ ပြူးထွက်ကုန်ပြီးဆော့ဂျင်
အိပ်ချင်စိတ်ကလည်း ဂရက်ဗက်တီ ဘက်ခုန်ထွက်သွားရော

" ဘာလဲ မင်းကအခုထိမသိသေးဘူးလား သတင်းတေမှာ
ပလူတေပျံနေတာမမြင်ချင်မှအဆုံး! "

" ဘယ်လိုလုပ်သိမှာလဲ အစောကြီးရှိသေးတဲ့ဟာကို ဟွား! "

တစ်ဖက်ကပျင်းတိပျင်းရွဲအသံနဲ့ စကားပြောသံရယ်
သန်းလိုက်တဲ့အသံကြောင့် ဂျောင်ဂုဆိုတဲ့လူယဉ်ကျေးလေးက

" မင်းမေကလွှားကို စော ၁၂ကျော်လို့ ၁နာရီတောင်ထိုးတော့
မယ်လဒ! "

" အင်? အချိန်ကအဲ့လောက်တောင်ရှိသွားပြီလား
ဘေးကနေအသံတေကြားနေတယ် ဘယ်မှာလဲမင်းက "

" DCall Hotel က swimming pull မှာ "

" ငါ့ကျမခေါ်ပဲ မင်းတို့ကြည့်ပဲသွားတယ်ပေါ့ စိတ်ဓာတ်ပဲ! "

Dear Uncle Joon Where stories live. Discover now